ရိုးမားအသင်း၏ နည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုက အီတလီနိုင်ငံသည် ဘောလုံးနှင့်ပတ်သက်ပြီး နည်းဗျူဟာပိုင်းအပြောင်မြောက်ဆုံးနိုင်ငံဖြစ်ပြီး ယင်းအတွက်ကြောင့်လည်း အကောင်းဆုံးနည်းပြများ ထွက်ပေါ်နေသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် ပေါ်တူဂီ၊ အင်္ဂလန်၊ စပိန်၊ အီတလီနိုင်ငံများတွင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ၎င်းက "ကျွန်တော် အခုလို ပြောတာကို တချို့တွေက သဘောတူချင်မှ တူပါလိမ့်မယ်။ ဒါပေမဲ့ အီတလီ ဘောလုံးလောကဟာ တခြား ဘယ်နိုင်ငံထက်မဆို နည်းဗျူဟာပိုင်းမှာ အပြောင်မြောက်ဆုံးနိုင်ငံဖြစ်သလို၊ ဒါကြောင့်လည်း အကောင်းဆုံးနည်းပြတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်"ဟု သုံးသပ်ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် ယခင်ကလည်း အီတလီလူမျိုးနည်းပြများဖြစ်သည့် ထရာပတ်တိုနီ၊ မာဆယ်လိုလစ်ပီ၊ ကာလိုအန်ဆယ်လော့တီ စသည့် နည်းပြများကို ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သလို၊ လက်ရှိ စိီးရီးအေတွင်လည်း အယ်လီဂရီ၊ ဆီမြွန်နီအင်ဇာဂီ တို့ကဲ့သို့ နည်းပြများသည် ကမ္ဘာ့အဆင့် နည်းပြများဟု ဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
