မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အောက်တိုဘာ (၁၇)ရက်မှ (၂၂)ရက်အထိ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့$ကျင်းပမည့် အဘူဒါဘီ မာစတာကြက်တောင် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုင်ခြေအဆင့် (၁)သတ်မှတ်ခံထား ရကြောင်း သိရသည်။
သက်ထားသူဇာသည် စက်တင်ဘာတွင် ယှဉ်ပြိုင်ခဲ့သည့် Thailand International Series ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် တစ်လနီးပါးအကြာမှ အဘူဒါဘီမာစတာပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အဘူဒါဘီမာစတာ ကြက်တောင်ပြိုင်ပွဲ တွင် နိုင်ခြေအဆင့် (၁) သတ်မှတ်ခံထားရပြီး လက်ရည်စစ်ပွဲ အောင်မြင်လာသည့် ကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သက်ထားသူဇာသည် အိမ်ရှင် ယူအေအီး ကစားသမားသုံးဦး၊ အိန္ဒိယ ကစားသမားတစ်ဦးပါဝင်သည့် လက်ရည်စစ်ပွဲ-၂ မှ အနိုင်ရလာသူ နှင့် ပထမအဆင့်တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ သက်ထားသူဇာသည် အောက်တိုဘာတွင် ပထမဆုံးပြိုင်ပွဲ အဖြစ် အဘူဒါဘီ မာစတာပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သက်ထား သူဇာသည် ယခုနှစ်အတွင်း (၁၈) ပွဲ မြောက်ပြိုင်ပွဲအဖြစ် အဘူဒါဘီမာစတာပြိုင်ပွဲတွင် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ဥရောပနိုင်ငံများမှ ကစားသမား အများစု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် ပထမအဆင့်ကျော်ဖြတ်နိုင်ပါက ဒုတိယအဆင့်တွင် ဗာကိုဘာနှင့် ကင်ဆာချာမစ်ပွဲမှ အနိုင်ရသူနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
