မြန်မာ့ငါးတန်အား ပြည်ပသို့အဓိက တင်သွင်းပြီးနိုင်ငံခြားဝင်ငွေရ ရှိအောင်ရည်ရွယ်သည့် စီမံကိန်းအား ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဆောင်ကာ Global Earth Public Co.,Ltd တည်ထောင်ပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
ထိုစီမံကိန်းအား ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်တွင် ဖော်ဆောင်မည်ဖြစ်ကာ လက်ရှိတွင် ငါးတန်ကောင်ရေသိန်း ၆၀ မွေး မြူလျက်ရှိပြီး မြေဧက ၁၀၀၀ ကို ငါးကန်ဆက် လက်တူးဖော်နေသည်ဟု သိရသည်။
“ငါးတန်ကို ကန်ကြပ်မွေးပြီး အသားလွှာကာ ပြည်ပတင်သွင်းသည့် အလုပ်ကိုလုပ်မှာ။ ဒီစီမံကိန်းက နိုင်ငံခြားကို ၁၀၀ ရာခိုင်နှုန်း တင်ပို့မှာ။ နိုင်ငံခြားငွေရဖို့အတွက် ရည်ရွယ်ပြီးလုပ်တာ။ နိုင်ငံခြားဝင်ငွေနဲ့ အလုပ်အကိုင်တွေ အများကြီးရမယ်” ဟု ဦးဝင်းကြိုင်က ပြောကြားသည်။
အဆိုပါငါးတန် မွေးမြူမှုကို ခေတ်မီကန်ကြပ်စနစ်ဖြင့် မွေးမြူပြီးသားပေါက်စခန်း၊ မွေးမြူရေးကန်၊ အစာစက်ရုံ၊ အအေးခန်းနှင့် လုပ်သားများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများပါ ဆောက်လုပ်သွားမည်ဖြစ်ပြီး စီမံကိန်း အကောင်အထည်စပေါ်လာပါက Global Earth Public Co.,Ltd အနေဖြစ် အစုရှယ်ယာများ ခေါ်ဆောင်သွားမည်ဟုသိရသည်။
“Global Earth Public Co.,Ltd ကို ငါးလုပ်ငန်းအဖွဲ့ချုပ်ကနေပြီးတော့ ဦးဆောင်ပြီးသွားမယ်။ ပညာရှင်တွေနဲ့ အကုန်လုံးကို ဆွေးနွေးနေတယ်။ တကယ်တမ်းအစုရှယ်ယာခေါ်ရင် အမြတ်ပေးနိုင်တဲ့အစုဘဲဖြစ် စေချင်တယ်။ အခုလုပ်နေတယ်။ စက်ရုံဆောက်ရင်တောင် နောက်ထပ် အမြန်ဆုံးရှစ်လလောက်ကြာမယ်။၂၀၁၉ ခုနှစ်မှာတော့ ထုတ်ကုန်ထွက်မယ်။ မျှော်မှန်းသလောက်တော့ မဖြစ်သေးဘူးပေါ့နော်။ အားလုံးစုပေါင်းပြီး လုပ်တာကို အကောင်အထည်ဖော်မှာမို့လို့ ငါးလုပ်ငန်းကို ကျွမ်းကျင်သူရော၊ မကျွမ်းကျင်သူပါ ပူးပေါင်းဖို့ပြောချင်တယ်” ဟု မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဒေါက်တာ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။
အဆိုပါ Global Earth Public Co.,Ltd သည် မှတ်ပုံတင်ကျရှိပြီးသား ဖြစ်ပြီး စီမံကိန်းရှိလုပ်ငန်းများကို ပန်းတနော်တွင် လုပ်ကိုင်မည်ဖြစ်ကာ ကုမ္ပဏီကြီးကြပ်ကွပ်ကဲသည့်ရုံးအား ရန်ကုန်တွင် ထားရှိမည်ဟု သိရသည်။
“လုပ်ငန်းအနေနဲ့က တကယ်လက်တွေ့ လုပ်နေတဲ့သူတွေက နားလည်တယ်အတွက်ကြောင့် နိုင်ငံခြားလည်း အကြိမ်ကြိမ်သွားကြည့်ပြီးတော့ ဒီလုပ်ငန်းကို အောင်မြင်မယ်လို့ အကြိမ်ကြိမ်ဆုံးဖြတ်ချက်ချပြီးလုပ်တာ ဖြစ်တဲ့အတွက် အခက်အခဲမရှိပေမဲ့ ပါဝင်မှုအစုရှယ်ယာရှိတဲ့သူတွေက လုပ်ငန်းကို မျက်မြင်တွေ့ဖို့ လိုတယ်။ ဒါကြောင့် မွေးပြမယ်။ အောင်မြင်အောင်လုပ်ပြမယ်။ လက်တွေ့ကျကျ စာရွက်ပေါ်မှာတင် စီမံကိန်းရေးပြီး ရှယ်ယာဝင်ခိုင်းတာမဟုတ်ဘဲ လုပ်ငန်းကြိုပြီးလုပ်ရင်း ပါဝင်လာမယ့်ရှယ်ယာတွေကို ဖိတ်ခေါ်မယ်” ဟုမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ပစ္စည်း ငါး၊ ပုစွန်၊ ကဏန်းစသည့် ငါးမျိုးစုံကို ထိုင်း၊ တရုတ်၊ ဆော်ဒီ၊ ဂျပန်စသည့် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့လျက်ရှိနေပြီး မြန်မာ့ငါးတန်များအား တရုတ်မှ ဝယ်ယူရန် ကမ်းလှမ်းနေမှုများရှိသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
