ရင်းနှီးမြှုပ်နှံသူများအတွက် အဟန့်အတားဖြစ်နေသည့် မြေယာပြဿနာဖြေရှင်းနိုင်ရေးအတွက် အစိုးရပိုင်မြေများကို စာရင်းအင်းပြုစုထားသည့် မြေယာဘဏ် (Land Bank) ထူထောင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
“အစိုးရဝန်ကြီးဌာနတွေ ပိုင်တဲ့မြေတွေပေါ့။ ညောင်နှစ်ပင်မှာရှိတယ်။ မန္တလေးမှာ ရှိတယ်။ စစ်ကိုင်းမှာရှိတယ် စသဖြင့် ပိုင်တဲ့မြေတွေကို စာရင်းအင်းနဲ့ထားမယ်။ သမ္မတရုံးဆိုလည်း သမ္မတရုံး၊ အစိုးရရုံးဆိုလည်း အစိုးရရုံးပေါ့။ လုပ်ငန်းရှင်တွေက ဧက ၂၀၀၀ လိုချင် ပါတယ်ဆိုရင် ကျွန်တော်တို့က စစ်ကိုင်းမှာလား၊ မန္တလေးမှာလား၊ ဧရာဝတီမှာလား၊ ဒါတွေကို သူတို့နဲ့ချိတ်ပေးလိုက်ရင် စီမံကိန်းက မြန်မြန်ဆန်ဆန်စနိုင်မယ်။ မြင်သာထင်သာမယ်။ ကြားမှာခံထားတာ မရှိဘူးဆိုတာ ဖြစ်အောင်လုပ်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဦးစားပေးအစီအစဉ်များတွင် ပထမဦးစားပေးအနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူစေရေးဖြစ်ကြောင်း သိရသည်။
ဒုတိယဦးစားပေးအနေဖြင့် Standard Operating Procedures (SOPs) ရေး ဆွဲနေခြင်းဖြစ်ကြောင်း၊ SOP ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ SOP တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေး အစိုးရဌာနများ၏ လုပ်ထုံးလုပ်နည်းများကို သုံးသပ်ပြီးပြုပြင်ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။
တတိယဦးစားပေးအနေဖြင့် မြေယာဘဏ် တည်ထောင်ခြင်းဖြစ်ကြောင်း၊ မြေယာဘဏ် တည်ထောင်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများနှင့် မြေယာအရင်းအမြစ်များကိုထိရောက်ပြီး ပွင့်လင်းမြင်သာသည့်နည်းလမ်းဖြင့် ဆက်သွယ်ရာတွင် အထောက်အကူပြုကြောင်း၊ မြေယာကိစ္စများသည် ရင်းနှီးမြှုပ်နှံသူများက တင်ပြထားသည့် အဓိကအဟန့်အတားများထဲမှ တစ်ခုဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် မြန်မြန်ဆန်ဆန်တိုးတက်မှုရှိအောင် လုပ်ကိုင်နိုင်တဲ့ နယ်ပယ်တစ်ခုလည်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် စီးပွားရေး ကဏ္ဍပြုပြင်ပြောင်းလဲမှုများကို ပါဝင်လုပ်ဆောင်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပါက နိုင်ငံအတွက် တိုးတက်မှုများ ရရှိလာမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ဥပဒေရေးရာမူဘောင်များကို ပြောင်းလဲနိုင်ရေးလိုအပ်ကြောင်း၊ ဥပဒေရေးရာ၏ မူဘောင်ပြောင်းလဲမှုတွင် သိသာထင်ရှားသည့် ပြောင်းလဲမှုမှာ ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုလာခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
