မြန်မာနိုင်ငံတွင် အရှည်ဆုံးရထားလမ်းပိုင်းတစ်ခုဖြစ်လာမည့် မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းအတွက် လမ်းအူကြောင်းလျာထားရန် မြေနေရာ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေး-မူဆယ် ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းအတွက် မြေနေရာ ကွင်းဆင်းစစ်ဆေးမှုအား China Rail –way Group Limited (CREC) မှ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြေနေရာကွင်းဆင်းစစ်ဆေးမှုအား စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းအတွက် China Rail –way Group Limited (CREC) မှ မူဆယ်မြို့တွင် မြေနေရာနှင့် မြေဆီမြေသားများကို ကွင်းဆင်းစစ်ဆေးမှုမှုများ ပြုလုပ်ခြင်းကို ဇန်နဝါရီ ၅ ရက်မှစတင်ကာ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်မှုကို ဇန်နဝါရီ ၆ ရက်မှစတင်ကာ ဧပြီ ၁၃ရက် နေ့အထိ လေးလကြာ ပြုလုပ်သွားမည်ဟုဆိုသည်။
မန္တလေး-မူဆယ် ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းအတွက် (CREC) ၏ ကုန်ကျစရိတ်ကျခံမှုဖြင့် ဖြစ်မြောက်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန်အတွက် MoU လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရုံးတွင် အောက်တိုဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Railway Eryuan Engineering Group တို့သည် မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းသစ်အား ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆောင်ရွက်ရန်အတွက် Memorandum of Understanding on Feasibility Stuydy For Muse – Mandalay Railway Project အား MoU လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
“လမ်းအူကြောင်းတိုင်းတာဖို့ အကြိုကွင်းဆင်း စစ်ဆေးမှုတွေကို ဒီဇင်ဘာမှာ တစ်ခါပြုလုပ်ခဲ့ပြီး ခု ဇန်နဝါရီမှာလည်း ကွင်းဆင်းစစ်ဆေးမှုတွေကို ထပ်ပြီးပြုလုပ်နေပါပြီ” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
တရုတ်နှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက်မည့် မန္တလေး-မူဆယ် ရထားလမ်းသည် လမ်းခရီးအရှည်ဆုံး ရထားလမ်းကြောင်းတစ်ခုဖြစ် ပြီး ရန်ကုန်-မန္တလေးကား လမ်းခရီးစဉ်ထက် နှစ်ဆပိုမိုမြန်ဆန်ကာ မူဆယ်-မန္တလေးရထားခရီးစဉ် အချိန်သုံးနာရီခန့်သာ ကြာမြင့်မည်ဟု သိရသည်။
အဆိုပါ မူဆယ်-မန္တလေး ရထားလမ်းသစ်သည် ၄၃၁ ကီလိုမီတာရှည်လျားမည်ဖြစ်ပြီး၊ ကုန်နှင့် ခရီးသည်တင်ရန် ဘူတာခုနစ်နေရာ၊ ခရီးသည်တင်မည့် ဘူတာငါးနေရာ၊ လမ်းခွဲ ၂၄ နေရာရှိမည်ဖြစ်ကြောင်း၊ ရထားသည် တစ်နာရီ ၁၆၀ ကီလိုမီတာ ၉၉ မိုင် မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
MoU လက်မှတ်ရေးထိုးထားသည့် မူဆယ်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုအတွက် နားလည်မှုစာချွန်လွှာ (MoU) တွင် ကုန်ကျစရိတ်ကို စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study F/S) ဆောင်ရွက်သူက ကျရခံမည်ဖြစ်ကြောင်းနှင့် F / S ဆောင်ရွက်သူအနေဖြင့် စီမံကိန်းတည်ဆောက်ခွင့်ရရှိမည်ဟု အာမခံချက်မရှိဟု ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study F/S) ဆောင်ရွက်ခွင့် သဘောတူညီချက်ကို နှစ်နှစ်သတ်မှတ်ထားပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတကာအဆင့်မီ စီမံကိန်းတစ်ခု ဖြစ်စေရန်အတွက် ပတ်ဝန်းကျင်သက်ရောက်မှု စစ်ဆေးခြင်း (Environmental Impact Assessment – EAI) နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆန်းစစ်ခြင်း (Social Impact Assessment – SIA) လုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
