လက်ရှိတွင်မြန်မာနိုင်ငံရှိ စုစုပေါင်း အိမ်ထောင်စု၏ ရာခိုင်နှုန်း ၄၀ ကျော်သာလျှပ် စစ်ဓာတ်အားရရှိနေသေးသည့်အတွက် လာမည့် ၂၀၂၁ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်းအထိ တိုးတက်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဂျာမနီနိုင်ငံ KfW ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေး အစီအစဉ်-၂ “Rural Electrification Programme II း On Grid Electrification Component” စီမံကိန်းအထောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တင်ဒါအောင်မြင်သည့် Consortium of Consulectra (Germany) Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၈ သန်းရှိရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇၄ သန်း (၄၃ ရာခိုင်နှုန်း) ခန့်သာ လျှပ်စစ်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိနေသေးပြီး အိမ်ထောင်စု ၆ ဒသမ ၁၄ သန်း (၅၇ ရာခိုင် နှုန်း)အထိ လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်နေသေးကြောင်း သိရသည်။
ထို့ကြောင့် လာမည့် ၂၀၂၁ ခုနှစ်တွင် လက်ရှိအိမ်ထောင်စုအားလုံး၏ ၅၅ ရာခိုင်နှုန်းခန့်အား လျှပ်စစ်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အားတိုးတက် ရရှိစေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယခုဂျာမနီချေးငွေအပါအဝင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်စိုးရ ဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများထံမှ ချေးငွေ၊ ထောက်ပံ့ငွေများဖြင့် လျှပ်စစ်ဓာတ်အားပိုမို ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍအတွင် အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော် တန်ဖိုးရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၉ ခု အထိ ခွင့်ပြုပေးထားပြီး ယင်းအနက် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော် တန်ဖိုးရှိသည့်လုပ်ငန်းပေါင်း ၁၈ ခုက လုပ်ငန်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏လုပ်ငန်းကဏ္ဍ ၁၂ ခု၌ ခွင့်ပြုပေးထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၈ ဘီလျံကျော် အထိရှိပြီး ယင်းအနက် စွမ်းအင်ကဏ္ဍသည် စုစုပေါင်းပမာဏ၏ ၂၇ ရာခိုင်နှုန်းနီးပါးအထိ ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
