ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ကရင်နီအင်အားစုမှ သပိတ်စခန်းဖွင့်လှစ်လိုက်ကြောင်း ကရင်နီလူငယ်အင်အားစုထံမှ သိရသည်။
ကရင်နီအင်အားစုလူငယ် ၂၀ မှ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့် ပန်းခြံဘေးတွင် ကရင်နီပြည်လူငယ်အင်အားစု အမည်ရသော သပိတ်စခန်းဖွင့်ခဲ့ခြင်းဖြစ်ပြီး ရုပ်တုအား ဖျက်သိမ်းပေးရန်၊ မဖြစ်မနေရုပ်တု တည်ရမည်ဆိုပါက လူထုဆန္ဒခံယူရန်နှင့် NLD ပါတီအနေဖြင့် မဖြစ်မနေလုပ်ရမည် ဆိုပါက အများပြည်သူပိုင်နေရာတွင် စိုက်ထူခြင်းမပြုဘဲ NLD နှင့်သက်ဆိုင်ရာနေရာများတွင်သာ စိုက်ထူရန်နှင့် ပရဟိတအဖွဲ့နှင့် ဆိုင်ပါက ပရဟိတနှင့် သက်ဆိုင်ရာနေရာများတွင်သာ စိုက်ထူရန် စသည့်အချက်များကို တောင်းဆိုထားကြောင်း သိရသည်။
ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရာပန်းခြံအတွင်း လုံခြုံရေးရဲဝန်ထမ်းများချထားသည့်အပြင် ပရဟိတအဖွဲ့လူငယ်များနှင့် ပါတီဝင်လူငယ်များအား ကင်းချထားသည်ကို တွေ့ရသည်။
“ဗိုလ်ချုပ်အောင်ဆန်းကို အသုံးချနေတာက လူယုတ်မာတွေဖြစ်တယ်။ ကောက်ကျစ်တဲ့ လူတွေဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းသာရှိရင် ခင်ဗျားတို့ ပါးရိုက်ပစ်မှာ သေချာတယ်။ ခင်ဗျားတို့ ရှက်တတ်ရင်တော့ ဒါကိုသိမှာပါ။ ငါတို့က ဒီတစ်နှစ် နှစ်နှစ်အတွင်းပြီးပြီ၊ ငါတို့နဲ့ မဆိုင်ဘူး ဖြစ်ချင်ရာဖြစ် ယုတ်မာတဲ့ စိတ်ဓာတ်နဲ့ ဆိုရင်တော့ သမိုင်းမှာ စကားပြောသွားမှာဖြစ်တယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သော ကရင်နီလူငယ် ကိုဒီးဒီက ပြောကြားသည်။
ဇန်နဝါရီ ၂၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရန် ပန်းခြံအတွင်းသို့ သယ်ဆောင်လာစဉ်လူငယ်များမှ တားမြစ်ခဲ့ကြောင်း သိရပြီး ယင်းသို့တားမြစ်ခဲ့သော်လည်း အတင်းအကြပ်ပြုလုပ်ကာ စိုက်ထူထားကြောင်း သိရသည်။
လူငယ်ခေါင်းဆောင်အချို့မှ ပြည်နယ်အစိုးရုံးသို့ သွားရောက်ပြီး ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာ ဝန်ကြီးချုပ်မှ စီမံဘဏ္ဍာဝန်ကြီး ဦးဆောင်သည်ဟု ပြောဆိုသဖြင့် စီမံဘဏ္ဍာဝန်ကြီးနှင့် ထပ်မံတွေ့ဆုံရာ ဦးခွန်ဒီးဆိုသူက ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်ဟု ဖြေဆိုကြောင်း၊ ဦးခွန်ဒီးမှာ NLD ပါတီဝင်ဖြစ်ကြောင်း လူငယ်ခေါင်းဆောင် ကိုကျော်ထင်အောင်ထံမှ သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအား ကန့်ကွက်မှုများရှိပါက ညှိနှိုင်းလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားထားသော်လည်း ညှိနှိုင်းမှုမရှိခဲ့ကြောင်း၊ ရုပ်တုအား သယ်ဆောင်ရာလမ်းတစ်လျှောက်တွင် ရပ်ကွက်နာရေးကူညီမှုကားများ၊ NLD ပါတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများမှ ကြေးရပ်တုတည်မည့် ပန်းခြံသို့ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
“ဒီဗိုလ်ချုပ်ရုပ်တုကို လာတားတဲ့ ရည်ရွယ်ချက်ကတော့ ဒီရုပ်တုကိုစင်ပေါ်မတင်နိုင်ဖို့ တားတာဖြစ်တယ်။ ဒီရုပ်တုကို အရင်ကတည်းက လက်မခံနိုင်တဲ့ ကိစ္စနောက်မှာ မရိုးသားမှုတွေ အများကြီးရှိပါတယ်” ဟု ကရင်နီလူငယ်ခွန်းသောမတ်စ်က ဆိုသည်။
ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန်အတွက် NLD ပါတီမှ လက်မှတ်ကောက်ခံရန် ညွှန်ကြားထားခြင်းမရှိကြောင်း ပြည်နယ် NLD ဥက္ကဋ္ဌ ဦးသောင်းဌေးမှ ပြောကြားခဲ့သော်လည်း ကျေးရွာအချို့တွင် ပါတီစည်းရုံးရေးမှုးများက ဦးဆောင်ကောက်ခံနေကြောင်း ဒီးမော့ဆိုမြို့နယ် ဆောင်ဒူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
