ဂန့်ဂေါမြို့တွင် မူးယစ်ဆေးဝါးအမှုဖြင့် တရားစွဲခံရသော ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်အား မူးယစ်ဆေးဝါးပုဒ်မဖြင့် ဂန့်ဂေါမြို့နယ်တရားရုံးက စွဲချက်တင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည် ။
“စွဲချက် တင်ထားပါတယ်။ Recall ပြန်ခေါ်ထားပါတယ်။ ရှေ့နေချိန်းတယ်။ ကျွန်မတို့ဘက်က Recall ပြန်ခေါ်တာပါ။ Recall ခေါ်တယ်ဆိုတာ စွဲချက်တင်တဲ့နေ့မှာ စွဲချက်တင်တယ်ဆိုရင် စစ်ပြီးတဲ့ သက်သေတွေထဲက ဘယ်သူ့ကို ခေါ်ချင်သလဲ။ အကုန်လုံးဆိုရင်လည်း အကုန်လုံး ခေါ်ခွင့်ရှိတယ်။ တရားခံရဲ့ အခွင့်အရေးပေါ့ ။ လာမယ့် ၈ ရက်နေ့ကျရင် Recall ခေါ်တာ ပြန်စစ်သွားမယ်။ ကျွန်မတို့ ၁၀ ယောက်ထဲမှာ ၁၀ ယောက်စလုံး ပြန်ခေါ်ချင်လည်း ရတယ်။ ကျွန်မတို့က သုံး ယောက်ပဲ တင်ပြထားတယ်။ အဲဒါကို ပြန်ထပ်စစ်မှာပေါ့။ စွဲချက်တင်တယ် ဆိုတော့ တရားခံဘက်က ဖြေရှင်းရမှာပေါ့။ စွဲချက်တင်တယ် ဆိုရုံနဲ့ ဒီအမှုနဲ့ ငြိစွန်းတယ်ဆိုတာလည်း မဟုတ်ဘူး။ စွဲချက်တင်ပြီးမှ အပြီးသတ်မှာ လွတ်တာလည်း ရှိတယ်။ စွဲချက်တင်ပြီးမှ အပြစ်ပေးခံရတာလည်း ရှိတယ်။ စွဲချက် တင်ထားတယ်ဆိုတော့ ကိုယ့်ဘက်က ဖြေရှင်းဖို့ အခွင့်အရေး ရှိပါသေးတယ်။ တရားခံကို စစ်မယ်။ တရားခံပြ သက်သေတွေပြမယ်။ အပြီးသတ် လျှောက်လဲချက်ပြီးမှ အပြီးသတ်အမိန့်ဆိုတာ ပြန်လာမှာပါ။ လာမယ့် ရုံးချိန်းကတော့ စစ်ပြီးသား တရားလိုဘက်က သုံးဦးတင်ပြထားတာ ထပ်စစ်ဆေးသွားပါမယ်”ဟု ဆရာမ ဒေါ်သန်းသန်းမြင့်၏ ရှေ့နေဖြစ်သူ ဒေါ်ဗန်နီဒင်းက ပြောကြားသည်။
ဖြစ်စဉ်မှာ ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာတွင် ငါးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သော ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်သည် ကာမလိမ်လည်မှုနှင့် နေပြည်တော်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်ဖြစ်သူ ဦးဝရိန်မိုးအား တရားစွဲဆိုထားသော အမှုကို တရားရုံး၌ အမှုရင်ဆိုင်အပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ပြန်လာစဉ် ဂန့်ဂေါ-ကလေးလမ်း၊ စိုင်ဒူးတံတားအနီး မြို့အဝင်ဂိတ်တွင် ရဲတပ်ဖွဲ့က သတင်းအရဟုဆို ကာ ၎င်းစီးနင်းလာသော ဆိုင်ကယ်ကို ရှာဖွေရာမှ စိတ်ကြွဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖမ်းဆီးခံရခြင်းမှာ လုပ်ကြံခံရခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားမှုများ ရှိခဲ့သည်။
ယင်းနောက် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီး ကျန်းမာရေးဝန်ထမ်း၏အမှုကို အမြန်ဆုံးနှင့် အမှန်ဆုံး ဆောင်ရွက်ပေးရန် ဂန့်ဂေါခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
