မကြာမီအချိန်အတွင်း ထောင်နှင့်ချီသည့် မြောက်ကိုရီးယားစစ်သားများသည် ယူကရိန်းစစ်ပွဲအတွင်း ဝင်ရောက်လာလိမ့်မည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားစစ်သား ၁၀၀၀၀ ခန့်သည် ရုရှား၏နယ်စပ် ကာ့စ်ဒေသတွင် တပ်စွဲထားသည်ဟုယူဆရပြီး ထိုစစ်သားများသည် ရုရှားတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပေါင်းစပ်နေကြောင်း အော်စတင်က ပြောသည်။
"သူတို့ရဲ့ စစ်သင်တန်းလေ့ကျင့်မှုတွေအပေါ် အခြေခံပြီး သူတို့ဟာ ရုရှားတပ်ရင်း၊ တပ်ဖွဲ့တွေထဲကို ပူးပေါင်းဝင်ရောက်ခဲ့ပါတယ်။ မကြာခင်အချိန်အတွင်းမှာ သူတို့ဟာ တိုက်ပွဲထဲမှာဝင်ပါလာတော့မယ်လို့ ကျွန်တော်အခိုင်အမာ ယူဆထားပါတယ်"ဟု အော်စတင်က ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့် ဖီဂျီသို့ရောက်ရှိချိန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ မြောက်ကိုရီးယားစစ်သားများ ယူကရိန်းနှင့်ဖြစ်ပွားသည့်တိုက်ပွဲများတွင် ပါဝင်နေသည့် သိသာထင်ရှားသည့် သတင်းများ မတွေ့ရသေးကြောင်း အော်စတင်က ပြောသည်။
မြောက်ကိုရီးယား၏ စစ်ကူအတွက် ရုရှားက အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယားကို ရေနံ၊ လေယာဉ်ပစ်ဒုံးကျည်းများနှင့် စီးပွားရေးအကူအညီများ ထောက်ပံ့ပေးခဲ့ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်က ပြောကြားခဲ့သည်။
လက်ရှိတွင် ယူကရိန်းတပ်ဖွဲ့များ စီးနင်းသိမ်းပိုက်ထားသည့် ရုရှားနယ်စပ် ကာ့စ်ဒေသ၏ အချို့နေရာအစိတ်အပိုင်းများကို ပြန်လည်သိမ်းယူရန် မြောက်ကိုရီးယားစစ်သားများနှင့်အတူ ရုရှားစစ်သားအင်အား ၅၀၀၀၀ ခန့် တပ်စုထားကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
