မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုသည် ၎င်း၏ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး ယင်းနေရာတွင် အာဂျင်တီးနား ယူ-၂၃ အသင်းနည်းပြ မာရှေရာနိုကို ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
အသက် ၆၂ နှစ်ရှိပြီဖြစ်သည့် အာဂျင်တီးနားနည်းပြ မာတီနိုသည် ပြီးခဲ့သည့်နှစ် ဇွန်လတွင် အင်တာမိုင်ယာမီအသင်း နည်းပြအဖြစ် ခန့်အပ်ခံရပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဆုဖလားဖြစ်သည့် ၂၀၂၃ လိဂ်ဖလားနှင့် ၂၀၂၄ Supporter's Shield ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည်။
သို့သော် မေဂျာလိဂ်ဖလား Play-offs ပထမအဆင့်မှ ထွက်ခဲ့ရပြီးနောက် မာတီနိုမှာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း အင်တာမိုင်ယာမီအသင်းက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မာတီနို၏နေရာတွင် မက်ဆီ၊ ဆွာရက်ဇ် တို့နှင့် ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးသည့် မာရှေရာနိုကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်မည်ဖြစ်ပြီး ရက်ပိုင်းအတွင်း ကြေညာမည်ဖြစ်ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက လူမှုကွန်ရက် X တွင် ရေးသားထားသည်။
မာရှေရာနို (၄၀ နှစ်) သည် ပါရီအိုလံပစ်ပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းကို ကွာတားဖိုင်နယ် ပို့ဆောင်ပေးနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
