ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် အော့စ်ဘတ်အသင်းနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် ဟာလန်း၏စံချိန်ကို ချိုးဖျက်၍ ဘွန်ဒစ်လီဂါသွင်းဂိုး ၅၀ အမြန်ဆုံးပြည့်မြောက်သည့် ကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
ဘွန်ဒစ်လီဂါ ပွဲစဉ် (၁၁) တွင် ဘိုင်ယန်မြူးနစ်အသင်းက အော့စ်ဘတ်အသင်းကို အိမ်ကွင်း၌ (၃-၀) ဂိုးဖြင့် အနိုင်ရပြီး သုံးဂိုးစလုံးကို ဟာရီကိန်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဟာရီကိန်းသည် ၆၃၊ ၉၀+၃ မိနစ်တွင် ပယ်နယ်တီမှ နှစ်ဂိုးသွင်းယူပြီးနောက် ၉၀+၅ မိနစ်တွင် ခေါင်းတိုက်၍ တတိယဂိုးထပ်မံသွင်းယူခဲ့သည်။
ဟာရီကိန်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ၄၃ ပွဲကစားအပြီးမှာပင် ဂိုး ၅၀ သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ဒေါ့မွန်အသင်းတိုက်စစ်မှူးဟောင်း ဟာလန်း (ယခုမန်စီးတီး) ၏ ပွဲ ၅၀ ကစား၊ ဂိုး ၅၀ သွင်းယူခဲ့သည့် စံချိန်ကိုချိုးဖျက်၍ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဟာရီကိန်းအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းအတွက် ရှစ်ကြိမ်မြောက် ဟက်ထရစ် (ဘွန်ဒစ်လီဂါ ခုနစ်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်) သွင်းယူနိုင်ခြင်းဖြစ်ပြီး နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၆၂ ပွဲကစား၊ ၆၄ ဂိုး သွင်းယူထားနိုင်ပြီ ဖြစ်သည်။
"သူတို့ကိုဖြိုခွဲဖို့ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့ စိတ်ရှည်ရမယ်ဆိုတာလည်း သိပါတယ်။ ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်ရမယ်လို့ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ပယ်နယ်တီကနေ ကျွန်တော်တို့ အဖွင့်ဂိုးရခဲ့ပြီး အဲဒီနောက်မှာ ပွဲကိုဖြတ်ဖို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ပယ်နယ်တီကန်သွင်းမှုအတွက် ကျွန်တော် အလုပ်တွေအများကြီး လုပ်ထားပါတယ်။ ဒီဂိုးတွေက ပွဲရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အဲဒီဂိုးတွေက ဒီနေ့မှာ ကျွန်တော်တို့ကို ထပ်ပြီးကူညီပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ လေ့ကျင့်ရေး အစီအစဉ်မှာ ကျွန်တော်လွဲချော်ခဲ့တာတွေ အများကြီးပါပဲ။ ဒါပေမဲ့ အခုတော့ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်" ဟု ဟာရီကိန်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
