မန်စီးတီးအသင်းအနေဖြင့် စပါးအသင်းအား ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ၅၂ ပွဲဆက် အိမ်ကွင်းရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့ပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း ငါးပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရကြောင်း သိရသည်။ မန်စီးတီးအသင်းအနေဖြင့် ၂၀၀၆ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံ ငါးပွဲဆက်ရှုံးနိမ့်မှု ပြန်လည်ရင်ဆိုင်ရခြင်းဖြစ်သလို အီတီဟတ်ကွင်း၌ ပြိုင်ပွဲစုံ ၅၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်လည်း ရပ်တန့်ခဲ့ရသည်။ ထို့ပြင် လက်ရှိချန်ပီယံအသင်း ပြိုင်ပွဲစုံ ငါးပွဲဆက်ရှုံးနိမ့်ခြင်းမှာ ၁၉၅၆ ခုနှစ် မတ်လက ချယ်လ်ဆီးအသင်း နောက်ပိုင်း ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မန်စီးတီးအသင်းသည် လာမည့်တစ်ပတ်တွင် ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် အန်ဖီးလ်ကွင်း၌ သွားရောက်ကစားရမည်ဖြစ်ပြီး ယင်းပွဲရှုံးနိမ့်ပါက ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားနိုင်သလားဟု မေးမြန်းမှုအပေါ် နည်းပြဖြစ်သူ ဂွါဒီယိုလာက "ဟုတ်ပါတယ်။ အဲဒါအမှန်ပါပဲ။ ဘာလို့လဲဆိုတော့ လီဗာပူးလ်က နိုင်ပွဲရပြီးရင်း ဆက်ရနေလို့ပါ။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုရမှာ၊ လက်လွှတ်ရမှာကို မတွေးထားပါဘူး။ ကျွန်တော်တို့က ရာသီကုန်မှာ ဘာဖြစ်မလဲဆိုတာ တွေးနိုင်တဲ့အခြေအနေ မဟုတ်ပါဘူး။ ရာသီကုန်ချိန်မှာ ကျွန်တော်တို့ ဗိုလ်မစွဲဘူးဆိုရင် အဲဒါက ကျွန်တော်တို့နဲ့ ထိုက်တန်မှုမရှိလို့ပါ။ ပြီးခဲ့တဲ့ရာသီတွေမှာ ဗိုလ်စွဲခဲ့တာက ကျွန်တော်တို့ နဲ့ ထိုက်တန်လို့ပါ။ အခု ကျွန်တော်တို့လုပ်ရမှာက ဖီယင်နုကို အနိုင်ယူဖို့ပါ။ အဲဒါက အရေးကြီးဆုံးပါပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ပထမဦးစားပေးပါ။ ကစားသမားတွေအနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပိုကောင်းလာပါလိမ့်မယ်" ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ရှုံးပွဲကြုံတွေ့သည့်ငါးပွဲတွင် ၁၄ ဂိုးအထိ ခွင့်ပြုထားရသည့် ခံစစ်ပိုင်းနှင့်ပတ်သက်၍ ဂွါဒီယိုလာက "ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ခံစစ်ပိုင်းက အားနည်းနေတယ်။ ပွဲကို ပုံမှန်အတိုင်း ကောင်းကောင်းစတင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ဘဲ အဲဒီနောက်မှာ ဂိုးပေးခဲ့ရတယ်။ ဂိုးပေးလိုက်ရပြီးနောက်မှာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေအတွက် ပိုပြီးခက်ခဲသွားပါတယ်။ ရှစ်နှစ်အတွင်းမှာ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ မကြုံဖူးပါဘူး။ အခု ကျွန်တော်တို့ ရှင်သန်ဖို့ ကြိုးစားရမှာဖြစ်ပြီး လာမယ့်ပွဲတွေမှာ နိုင်ပွဲတွေပြန်ယူရမှာပါ။ အထူးသဖြင့် လာမယ့်ပွဲစဉ်ကို အနိုင်ရဖို့လိုပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့လုပ်ရမယ့်နည်းလမ်းက ဒီတစ်ခုပဲရှိပါတယ်" ဟု ဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
