Top News

လန်းစ်အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် ဆာကာကို အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာ ကာကွယ်
24htopnews | November 25, 2024 1:12 AM CST

အာဆင်နယ်အသင်းနည်းပြ အာတီတာက လန်းစ်အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် အသင်းတောင်ပံကစားသမား ဆာကာကို အသုံးပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး ကာကွယ်ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် အင်္ဂါနေ့က ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် လန်းစ်အသင်းနှင့် အဝေးကွင်းတွင် ကစားရာ၌ ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း (၂)ဂိုးပြန်ပေးရကာ ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်နည်းပြ အာတီတာသည် အဆိုပါပွဲစဉ်တွင် ယခုရာသီ၌ ဒဏ်ရာပြဿနာများနှင့်ကြုံ တွေ့နေရသည့် ဆာကာကို အနားမပေးဘဲ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

သို့သော် ဆာကာသည် ပွဲချိန် (၃၄)မိနစ်တွင် ဒဏ်ရာရပြီး ခြေထော့နင်းဖြင့် ကွင်းအတွင်းမှ ထွက်ခွာခဲ့ရသည်။ အာဆင်နယ်အသင်းအနေဖြင့် အောက်တိုဘာ (၈) ရက်တွင် မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကစားရမည်ဖြစ်ရာ ဆာကာအား အနားမပေးဘဲ အသုံးပြုခဲ့သည့် အာတီတာ အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

သို့သော် အာတီတာက "အရင်နေ့တွေက ဆာကာအနေနဲ့ အသေးစားဒဏ်ရာတွေပဲ ရရှိခဲ့တာပါ။ သူ အဆင်ပြေတာကြောင့် လန်းစ်နဲ့ပွဲမှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ဘရန့်ဖို့ဒ်နဲ့ လိဂ်ဖလားပွဲတုန်းကလည်း သူ့ကို ကျွန်တော် အနားပေးခဲ့ပါသေးတယ်။ အခုပွဲမှာ ကြွက်သားနာကျင်တာကြောင့် သူ့ကို လူစားလဲခဲ့တာပါ။ ဒါပေမဲ့ ဒဏ်ရာက အဆင်ပြေပုံမရပါဘူး" ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK