Top News

ယူရို-၂၀၂၈ ပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်ကို အောက်တိုဘာ(၁၀)ရက်တွင် တရားဝင်ကြေညာမည်
24htopnews | November 25, 2024 1:12 AM CST

ယူရို-၂၀၂၈ ပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က အောက်တိုဘာလ(၁၀)ရက်တွင် တရားဝင်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

အိမ်ရှင်ရွေးပွဲမှ တူရကီနိုင်ငံနုတ်ထွက်သွားသောကြောင့် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်တို့က ပူးတွဲအိမ်ရှင်အဖြစ် ပြိုင်ဘက်မရှိ ကျင်းပခွင့်ရခြင်းဖြစ်သည်။ အိမ်ရှင်အမည် တရားဝင်ကြေညာမှုကို လာမည့် အောက်တိုဘာ(၁၀)ရက်၌ ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့တွင် ပြုလုပ်မည့် UEFA အစည်းအဝေးတွင် တရားဝင်ကြေညာသွားမည်ဖြစ်သည်။

တူရကီသည် ယူရို-၂၀၂၈ ပြိုင်ပွဲ အိမ်ရှင် ရွေးချယ်ပွဲမှ နုတ်ထွက်ခဲ့သော်လည်း ယူရို-၂၀၃၂ ပြိုင်ပွဲ အိမ်ရှင်အဖြစ် အီတလီနှင့် ပူးတွဲရွေးချယ်ခံဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အောက်တိုဘာ (၁၀)ရက်၌ ပြုလုပ်မည့် ယူရိုပြိုင်ပွဲအိမ်ရှင်ကြေညာမှုတွင် ယူရို-၂၀၂၈နှင့် ယူရို-၂၀၃၂ ပြိုင်ပွဲ နှစ်ရပ်စလုံး အိမ်ရှင်ကို တစ်ပြိုင်တည်း ကြေညာမည်ဖြစ်ကြောင်း သိရသည်။ ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်သည် မူလက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့်ရရန် ပစ်မှတ်ထားခဲ့သော်လည်း ၎င်းတို့၏အစီအစဉ် အဆုံးသတ်ပြီးနောက် ယူရို-၂၀၂၈ ပြိုင်ပွဲကို ပိုပြီးပစ်မှတ်ထားလာခြင်းဖြစ်သည်။ ဂရိတ်ဗြိတိန်အောက်တွင် အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်စ်နှင့် မြောက်အိုင်ယာလန်စသည့် လေးခုစလုံး၌ ကျင်းပခြင်းရှိ၊ မရှိကို မသိရသေးကြောင်း Daily Mail က ဖော်ပြခဲ့သည်။ Independent သတင်းစာမှ ရေးသားမှုတွင် (၂၄)သင်းယှဉ်ပြိုင်မည့်ပြိုင်ပွဲ၌ UEFA သည် အိမ်ရှင် (၅)နေရာအထိ အလိုအလျောက်ယှဉ်ပြိုင်ခွင့်ပြုဖွယ်မရှိကြောင်း သိရသည်။

ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်သည် ယူရို-၂၀၂၈ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရလျှင် ကွင်း (၁၀)ကွင်း၌ ကျင်းပရန် ပြီးခဲ့သည့်ဧပြီလကတည်းက စီစဉ်ထားကြောင်း သိရသည်။ ယင်း(၁၀)ကွင်းမှာ Casement Park (ဘဲလ်ဖတ်၊ ၃၄၅၀၀ ဦး)၊ Dublin Arena (၅၁၇၁၁ ဦး)၊ Etihan (မန်ချက်စတာ၊ ၆၁၀၀၀ ဦး)၊ Bramley Moore Park (လီဗာပူးလ်၊ ၅၂၆၇၉ ဦး)၊ Hampden Park (ဂလပ်စဂို၊ ၅၂၀၃၂ ဦး)၊ Principality (ကာဒစ်ဖ်၊ ၇၃၉၅၂ ဦး)၊ စိန့်ဂျိမ်းစ်ပတ်ခ်(နယူးကာဆယ်၊ ၅၂၃၀၅ ဦး)၊ Tottenham Hotspur(လန်ဒန်၊ ၆၂၃၂၂ ဦး)၊ Villa Pack (ဘာမင်ဂမ်၊ ၅၂၁၉၀ ဦး)၊ ဝင်ဘလေ(လန်ဒန်၊ ၉၀၅၆၂ ဦး)တို့ဖြစ်သည်။ ယူရို-၂၀၂၈ ပြိုင်ပွဲပွဲစဉ်များ လက်ခံကျင်းပရန် လျာထားသည့်ကွင်းများတွင် အိုးလ်ထရက်ဖို့ဒ်(မန်ယူ)၊ အန်ဖီးလ်(လီဗာပူးလ်)၊ London Stadium(ဝက်စ်ဟမ်း)စသည့် နာမည်ကြီးကွင်းများ မပါဝင်ခဲ့ကြောင်း သိရသည်။ ယူရို-၂၀၂၈ ပြိုင်ပွဲသည် သမိုင်း တစ်လျှောက် (၁၈)ကြိမ်မြောက်အဖြစ် ကျင်းပခြင်းလည်း ဖြစ်သည်။


READ NEXT
Cancel OK