ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ချန်ပီယံလိဂ်အပါအဝင် လိဂ်ပြိုင်ပွဲ(၃)ခုကို တန်းဆင်းတန်းတက်ပုံစံဖြင့် ချိတ်ဆက်ထားမည့် ပြိုင်ပွဲပုံစံအသစ် ဖန်တီးရန် စီစဉ်နေကြောင်း သိရသည်။
UEFA သည် ဥရောပထိပ်သီးကလပ်အသင်းအချို့က ၎င်းတို့နှင့် စင်ပြိုင်အဖြစ် စူပါလိဂ်ပြိုင်ပွဲ ထူထောင်ရန် ကြံစည်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့အခြေအနေမျိုး ထပ်မံပေါ်ပေါက်ခြင်း မရှိစေရန်အတွက် ပြိုင်ပွဲပုံစံအသစ် ဖန်တီးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
UEFA ၏ အစီအစဉ်မှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် Aspiring League ဟူသည့် လိဂ်အသစ်တစ်ခုကို တစ်ခုနှင့်တစ်ခု တန်းဆင်းတန်းတက်ပုံစံဖြင့် ယှဉ်ပြိုင်စေမည်ဖြစ်သည်။ လိဂ်တစ်ခုတွင် အသင်း(၁၈)သင်းစီ ပါဝင်ပြီး အိမ်ကွင်းအဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ပတ်လည်ပုံစံ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အသင်းတစ်သင်းလျှင် (၃၄)ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အမြင့်ဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားအောက်ဆုံးနေရာ ကျရောက်သည့်နှစ်သင်းမှာ ယူရိုပါလိဂ်သို့ တန်းဆင်းရမည်ဖြစ်ပြီး ယူရိုပါလိဂ်မှ ထိပ်ဆုံးနှစ်သင်းမှာ ချန်ပီယံလိဂ်သို့ တန်းတက်ခွင့်ရမည်ဖြစ်သည်။ ယူရိုပါလိဂ်မှ အောက်ဆုံး(၄)သင်းမှာ Aspiring League သို့ တန်းဆင်းရမည်ဖြစ်ပြီး Aspiring League မှ ထိပ်ဆုံး(၄)သင်းမှာ ယူရိုပါလိဂ်သို့ တန်းတက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်အသင်းများ ပွဲကစားခွင့်ပိုမိုရရှိရန်အတွက် အမှတ်ပေးလိဂ်ပြိုင်ပွဲပုံစံအဖြစ် အသွင်ပြောင်းရန် စီစဉ်ထားခြင်းဖြစ်သလို၊ လက်ရှိအချိန်၌ ကြားရက်တွင် ယှဉ်ပြိုင်နေရာမှ စနေ၊ တနင်္ဂနွေနေ့များ၌ ပြောင်းလဲယှဉ်ပြိုင်စေဖွယ်ရှိကြောင်းလည်း သိရသည်။
အဆိုပါပြိုင်ပွဲပုံစံအသစ်ကို UEFA ၏ အမှုဆောင်ကော်မတီအစည်းအဝေးများတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး အကြံညဏ်များရယူပြီးမှ အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကို လာမည့် ၂၀၂၄-၂၅ ရာသီမှစ၍ အ သင်းအရေအတွက် တိုးချဲ့စီစဉ်သွားရန် စီစဉ်ထားသည့်အတွက် ယခုပြိုင်ပွဲပုံစံအသစ်ကို အစောဆုံးအဖြစ် ၂၀၂၇-၂၈ ရာသီမှသာ စတင်နိုင်ဖွယ်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
