ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီနှင့် ၎င်း၏ဘုတ်အဖွဲ့သည် အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားပြီးဖြစ်သော်လည်း နောက်ထပ်ကစားသမားခေါ်ယူမှုအသစ်များ ပြုလုပ်ရန်အတွက် အမေရိကန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုထံမှ ပေါင်သန်း (၅၀၀) ချေးယူရန် စီစဉ်လျက်ရှိနေကြောင်း သိရှိရသည်။
တော့ဒ်ဘိုလီသည် ချယ်လ်ဆီးအသင်းအား အသင်းပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်ချ်ထံမှ လွှဲပြောင်းဝယ်ယူခဲ့ပြီးနောက် အပြောင်းအရွှေ့ရာသီ (၃) ခုကို ဖြတ်သန်းခဲ့ပြီးဖြစ်ကာ ယင်းအပြောင်းအရွှေ့ရာသီ (၃) ခုပေါင်းအနေဖြင့် ကစားသမားခေါ်ယူမှုအတွက် အသုံးစရိတ် စုစုပေါင်းမှာ ပေါင် (၁) ဘီလီယံ ကျော်လာခဲ့ပြီဖြစ်သည်။
ချယ်လ်ဆီးအသင်း၏ မယုံနိုင်စရာကောင်းသည့် ငွေကြေးသုံးစွဲမှုမှာ အသင်းကို ရလဒ်ကောင်းများရရှိရန်အတွက် အာမခံချက် မရှိခဲ့ဘဲ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် အဆင့် (၁၃) နေရာ၌သာ ရပ်တည်နိုင်စေခဲ့သလို၊ ယခုရာသီ ပရီးမီးယား လိဂ်တွင်လည်း ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရဆဲဖြစ်သည်။
တော့ဒ်ဘိုလီသည် အသင်းကို ရောက်ရှိလာပြီး မကြာမီမှာပင် နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်ကို ရာထူးမှထုတ်ပယ်ကာ ဂရေဟမ်ပေါ်တာကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး၊ ဂရေဟမ်ပေါ်တာကိုလည်း ရာထူးမှ ထပ်မံထုတ်ပယ်ကာ ယာယီနည်းပြအဖြစ် လမ်းပတ်နှင့် အစားထိုးခဲ့သည်။ ယင်းနောက် ယခုရာသီအစတွင် အမြဲတမ်းနည်းပြအဖြစ် စပါး၊ PSG အသင်းတို့ကို ကိုင်တွယ်ခဲ့သည့် အာဂျင်တီးနားနည်းပြ ပိုချက်တီနိုကို ခန့်အပ်ခဲ့သည်။
တော့ဒ်ဘိုလီသည် အသင်း၏မအောင်မြင်သည့် အခြေအနေများအတွက် ငွေကြေးသုံးစွဲမှုများ ဆက်လက်ပြုလုပ်ရန် အားမလျှော့သေးဘဲ အမေရိကန်ထိပ်တန်းရင်းနှီး မြှုပ်နှံမှုကုမ္ပဏီတစ်ခုထံမှ ပေါင်သန်း (၅၀၀) အထိ ချေးယူကာ နောက်ထပ် ထိပ်တန်းအပြောင်းအရွှေ့များ ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်တွင် အသင်း၏တိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် ဘရန့်ဖို့ဒ်အသင်း၏တိုက်စစ်မှူး အိုင်ဗန်တိုနေးနှင့် နာပိုလီအသင်း၏တိုက်စစ်မှူး ဗစ်တာအိုဆင်မန်တို့အား ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိနေပြီး အခြားထိပ်တန်းကစားသမားများကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိသည်။
ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ ပိုချက်တီနိုကလည်း အသင်း၏ အနာဂတ်ကစားသမား ခေါ်ယူမှုများတွင် သူ၏ ပါဝင်ပတ်သက်ခွင့်ကို တောင်းဆိုထားသည်ဟု သတင်းများထွက်ပေါ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
