FDA သတ်မှတ်ချက်နှင့် မညီသော သောက်ရေသန့် လုပ်ငန်း ၄၀ ဝန်းကျင်ကို ယာယီရပ်နားထားပြီး လိုင်စင်မဲ့ထုတ်လုပ်နေသည့် လုပ်ငန်းကိုးခုအား ထုတ်လုပ်မှုရပ်ဆိုင်းထားကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ပြောကြားသည်။
“လက်ရှိ ပိတ်သိမ်းထားတာ အရေအတွက်နဲ့ဆို ဒီနှစ်အတွင်း ၃၀၊ ၄၀ ကျော်လောက် ရှိတယ်။ အဲဒီအထဲမှာ ပြန်လာပြီးစစ်ဆေးလို့ ပြန်ခွင့်ပြုလိုက်တဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ လောလောဆယ် လိုင်စင်ကို မတင်ရသေးလို့ ပိတ်သိမ်းထားတဲ့လုပ်ငန်းရှစ်ခု၊ ကိုးခုလောက် ရှိပါတယ်။ ဒါတွေကတော့ လိုင်စင်တင်ထားဆဲ ဖြစ်တဲ့အတွက် ခွင့်ပြုလို့မရသေးဘူးပေါ့။ လိုင်စင်လည်းရှိပြီးသား၊ သက်တမ်းလည်းရှိပြီးသားကျတော့ စက်ရုံအတွင်းမှာ ပြန်လည်ပြုပြင်မှုတွေလုပ်တယ်။ သူတို့ပြန်ပို့ပြီး စစ်ဆေးတယ်။ ရလဒ်လည်းကောင်းတယ်ဆိုရင် ကျွန်တော်တို့ ပြန်ခွင့်ပြုလိုက်ပါတယ်” ဟု ဒေါက်တာမင်းဝန်က ဆိုသည်။
လတ်တလော ပိတ်သိမ်းအရေးယူထားသော သောက်ရေသန့် အမှတ်တံဆိပ်များ စျေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းတွေ့ရှိက မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ (သို့မဟုတ်) မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်း သိရသည်။
စစ်ဆေးမှုတွင် ထောက်ခံချက်ရရှိပြီး သောက်ရေသန့်လုပ်ငန်းများအပြင် ထောက်ခံချက်မရှိ ထုတ်လုပ်နေသောသောက်ရေ သန့်လုပ်ငန်းများကိုလည်း ရှာဖွေစစ်ဆေးခဲ့ကြောင်း၊ GMP နှင့် ကိုက်ညီမှုမရှိသောလုပ်ငန်းများကို ခံဝန်ထိုးခြင်းနှင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ပြီး ယင်းသောက်ရေသန့်လုပ်ငန်းအနေဖြင့် FDA သို့ ထောက်ခံချက် လျှောက်ထားပြီး GMP နှင့်အညီ ကိုက်ညီမှသာ ပြန်လည်ထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာထားသည်။
၂၀၁၈ ခုနှစ်အတွင်း စျေးကွက်အတွင်းရှိ အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများနှင့်ပတ်သက်သော ကြပ်မတ်စစ်ဆေးအရေးယူမှုများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက The Year of Safety and Action အဖြစ် သတ်မှတ်၍ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်းနှင့် စျေးကွက်အတွင်းရောက်ရှိနေသော အန္တရာယ်ရှိ အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများကို ပိုက်စိပ်တိုက်ရှာဖွေဖော်ထုတ်လျက်ရှိပြီး အသိပညာပေးလုပ်ငန်းများ နှင့် ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ကျေးရွာများအထိ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စျေးများအားလုံးကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး စားသောက်ကုန်နမူနာ စစ်ဆေးမှုများအပြင် စားသောက်ကုန်များ၏ အမှတ်တံဆိပ်ဖော်ပြချက်တွင် သတ်မှတ်အချက်အလက်များ ထည့်သွင်းထားခြင်းရှိမရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
