ကလေးမြို့ နည်းပညာတက္ကသိုလ်မှ ကျောင်းသား ၁၀ ဦးက တန်ဖိုးနည်းပါးပြီး ဆိုလာစနစ်ဖြင့် မောင်းနှင်နိုင်သည့် လူလေးယောက်စီး ကားတစ်စီးကို တီထွင်ထားသည်ဟု သိရသည်။
“ကျွန်တော်တို့ နည်းပညာတက္ကသိုလ်က နောက်ဆုံးနှစ်မှာဆိုရင် ဘွဲ့ကြိုစာတမ်း လက်တွေ့အတွက် ကျွန်တော်တို့ သူငယ်ချင်း ၁၀ ယောက်စုပြီးလုပ်ခဲ့တာပါ။ ဒီဟာကို စပြီးလုပ်မယ်ဆိုပြီး စိတ်ကူးပြီးတော့ အကုန်လုံးကို အင်တာနက်က ရှာကြည့်တယ်။ ကားမှာ တပ်မယ့်ပစ္စည်းတွေ၊ တပ်ဆင်မယ့်ပုံစံကို စိတ်ကူးပြီးမှ လုပ်တာပါ ။ ကျွန်တော်တို့ကလေးမြို့ကျတော့ ပစ္စည်းရှာရတာ မလွယ်တော့ အခက်အခဲလည်းဖြစ်တယ်။ ကျွန်တော်တို့က နှစ်လအတွင်းပြီးအောင်လုပ်ဖို့ ရည်ရွယ်ထားတော့ တော်တော်ကြိုးစားလုပ်ရပါတယ်။ ဒီကားမှာ ဘက်ထရီနဲ့ မော်တာကို မောင်းပြီးမှ လျှပ်စစ်ကားပုံစံကို အဓိကထားပြီး ဒီကားမှာ ဆိုလာစစ်စတမ်နဲ့လည်း သုံးလို့ရအောင်၊ လျှပ်စစ်အားသွင်းပြီးလည်း မောင်းလို့ရအောင် တီထွင်ထားပါတယ်။ ကျွန်တော်တို့ကားဒီဇိုင်းက လူလေးယောက်စီးနိုင်အောင် လုပ်ထားပြီး အနည်းဆုံး ၁၅ မိုင်ဆက်တိုက် မောင်းလို့ရပါတယ်” ဟု ဆိုလာကားကို တီထွင်ခဲ့သည့်အဖွဲ့ခေါင်းဆောင် နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုဇော်မင်းသူက ပြောကြားသည်။
ဆိုလာကားသည် အများပြည်သူများအတွက် အလွန်အသုံးဝင်မည်ဟု ပြောကြားခဲ့ပြီး ပြည်သူများ သုံးစွဲခွင့်ရစေရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ အစည်းများမှ ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်။
“ဒီကားတန်ကြေး က ၂၅ သိန်းလောက် ကုန်ကျပါတယ်။ ဒီကားကို ပြည်သူအတွင်းမှာ တွင်တွင်ကျယ်ကျယ် သုံးစေချင်ပါတယ်။ ဒီကားလေးက အရမ်းကိုအဆင်ပြေတယ်။ ကုန်ကျစရိတ်သက်သာတယ်။ ဆိုလာစနစ်သုံးထားတော့ ပြင်ဆင်စရိတ် သက်သာမယ်။ လောင်စာဆီနဲ့ပတ်သက်ပြီးတော့ ပြဿနာ မရှိနိုင်တော့ဘူး။ လျှပ်စစ်ကား ဆိုလာ ကား သုံးမယ်ဆိုရင် အရမ်းကို အဆင်ပြေမှာပါ။ နောက်ဆုံးနှစ်တက်နေတဲ့ ကျောင်းသား ၆၉ ယောက် ရှိပါတယ်။ ငါးယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ ဂရုတွေဖွဲ့ပြီး ပရောဂျက်လေးတွေ လုပ်တဲ့အခါ ပြိုင်ပွဲဝင်မယ့်သူတွေ ရှိလာပါတယ်။ ကလေးတွေက တော်ကြပါတယ် ။ နည်းပညာတက္ကသိုလ် (ကလေး) အနေနဲ့ ဒီနှစ်မှာ ပရောဂျက်ပြပွဲလေးလုပ်ချင်ပေမယ့် မဖြစ်သေးပါဘူး။ နောက်နှစ်တော့ လုပ်နိုင်မှာပါ။ မုံရွာက အတိုင်ပင်ခံပုဂ္ဂိုလ်တက်မယ့် ပရောဂျက်ပြပွဲရှိတယ်လို့ ကြားလို့ သွားပြိုင်မယ်လို့ စဉ်းစားထားပါတယ်။ ဆိုလာကားအပါအဝင် ပရောဂျက် ငါးခုလောက် သွားပြိုင်မယ်လို့ စိတ်ကူးထားပါတယ်။ အခုသွားပြိုင်မယ့် ပရောဂျက်တွေက ပြည့်စုံတယ်ဆိုပေမယ့် လိုအပ်တဲ့ပစ္စည်းတွေက ကလေးမြို့ကနေ မှာရတာဆိုတော့ ပစ္စည်းလွဲချော်မှုတွေ ရှိနေတယ်။ အခက်အခဲ ရှိနေတယ်။ အားလုံးပြည့်စုံအောင် ပြင်ဆင်ဖို့တော့ လိုအပ်နေပါသေးတယ်။ မုံရွာမှာ ဒီဇင်ဘာလထဲမှာ လုပ်မယ်လို့ပဲ ကြားထားတာပဲ ရှိပါတယ်။ ပြည်သူလူထုအတွင်း တွင်တွင်ကျယ်ကျယ် သုံးနိုင်ဖို့အတွက် လိုင်စင်လုပ်ဖို့၊ လိုင်စင်အခွန်အခကို အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ပေးမယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း လာရောက်ပူးပေါင်းမယ်ဆိုရင် အဆင်ပြေသွားမှာပါ” ဟု ကလေးမြို့နည်းပညာတက္ကသိုလ် အီလက်ထရောနစ်ဌာနမှကထိကဌာနမှူး ဒေါ်နိုင်က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
