ဖျာပုံ ပင်လယ်ပြင်ရှိ ကျားဖောင်များထံသို့ လူကုန်ကူး ရောင်းချခံရသည့် ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားအား နှိပ်စက်မှုဖြင့် အဖမ်းခံရသည့် ကျားဖောင်ဦးစီး ကျော်အောင်သည် ဒီဇင်ဘာ ၈ ရက်၌ ကျောက်တံတားမြို့မရဲစခန်းရှိ အချုပ်အတွင်း ဦးနှောက်သွေးကြောပေါက်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
'' ဟုတ်ပါတယ်။ ၈ ရက်နေ့က ဆုံးသွားတာပါ။ သွေးတိုး ပြီးတော့ ဦးနှောက်သွေးကြော ပေါက်သွားတာပါ။ ဖောင်ဦးစီး ကျော်အောင်ပါ'' ဟု ကျောက်တံတားမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယခု အချုပ်အတွင်း သေဆုံးခဲ့သည့် ကျားဖောင်ဦးစီး ကျော်အောင်သည် အောက်တိုဘာလတွင် လူကုန်ကူးခြင်း ခံခဲ့ရသည့် ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား မြတ်သူရထွန်းအား ကျားဖောင်ပေါ်၌ နှိပ်စက်ခဲ့မှုဖြင့် ရဲတပ်ဖွဲ့က နိုဝင်ဘာလကုန်ပိုင်းတွင် ဖမ်းဆီးခြင်း ဖြစ်သည်။
မြတ်သူရထွန်း လူကုန်ကူးခံရသည့်ဖြစ်စဉ်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ကျောက်တံတားမြို့မရဲစခန်း အပါအဝင် သက်ဆိုင်ရာ ရဲစခန်းများ၌ အမှုဖွင့်ထားပြီး အချုပ်တွင်း သေဆုံးခဲ့သူ ဖောင်ဦးစီး ကျော်အောင်နှင့် လူကုန်ကူးပွဲစား ဗလကြီးတို့သည် ကနဦး ရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့သူများ ဖြစ်သည်။
လက်ရှိတွင် အဆိုပါ လူကုန်ကူးမှုဖြစ်စဉ်တွင် ပါဝင်ပတ်သတ်သူများအနက် ၁၉ ဦးကို ဖမ်းဆီးရမိထားကြောင်း သိရပြီး ၎င်းတို့အား ဒီဇင်ဘာ ၂၀ ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
