မန်စီးတီးအသင်းသည် စနေနေ့က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းကို အိမ်ကွင်း၌ (၀-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲစုံ(၅)ပွဲဆက်တိုက် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး လာမည့်တစ်ပတ် အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်ကို ထပ်မံရှုံးနိမ့်ခဲ့ပါက ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားနိုင်ကြောင်း ဂွါဒီယိုလာက ဝန်ခံပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် အောက်တိုဘာလက ယှဉ်ပြိုင်ခဲ့သော လိဂ်ဖလားပွဲတွင် စပါးအသင်းကို စတင်ရှုံးနိမ့်ခဲ့ပြီးနောက် ဘုန်းမောက်(ပရီးမီးယားလိဂ်)၊ စပို့တင်းလစ္စဘွန်း(ချန်ပီယံလိဂ်)၊ ဘရိုက်တန်၊ စပါး(ပရီးမီးယားလိဂ်) တို့ကို ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂွါဒီယိုလာ၏ နည်းပြသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲစုံ(၅)ပွဲဆက်ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး မန်စီးတီးအသင်းအနေဖြင့် ၂၀၀၆ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲစုံ (၅)ပွဲဆက်ရှုံးနိမ့်မှုနှင့် ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရခြင်းဖြစ်သည်။
အင်္ဂလန်၏ အဆင့်အမြင့်ဆုံးအတန်း၌ လက်ရှိချန်ပီယံအသင်း ပြိုင်ပွဲစုံ(၅)ပွဲဆက်ရှုံးနိမ့်ခြင်းမှာ ၁၉၅၆ ခုနှစ် မတ်လက ချယ်လ်ဆီးအသင်းနောက်ပိုင်း ပထမဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် မန်စီးတီးအသင်းသည် အီတီဟတ်ကွင်း၌ ပြိုင်ပွဲစုံ (၅၂) ပွဲဆက် ရှုံးပွဲမရှိစံချိန်နှင့် ပရီးမီးယားလိဂ်၌ အိမ်ကွင်း(၃၅)ပွဲဆက် ရှုံးပွဲမရှိစံချိန်လည်း ရပ်တန့်သွားခဲ့ရသည်။
မန်စီးတီးအသင်းသည် လာမည့်တစ်ပတ်တွင် ပရီးမီးယားလိဂ်အမှတ်ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် အန်ဖီးလ်ကွင်း၌ သွားရောက်ကစားရမည်ဖြစ်ပြီး ယင်းပွဲတွင် ရှုံးနိမ့်ပါက ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားနိုင်သလားဟု မေးမြန်းမှုအပေါ် နည်းပြဖြစ်သူ ဂွါဒီယိုလာက "ဟုတ်ပါတယ်။ အဲဒါအမှန်ပါပဲ။ ဘာလို့လဲဆိုတော့ လီဗာပူးလ်က နိုင်ပွဲရပြီးရင်း ဆက်ရနေလို့ပါ။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံဆုရမှာ၊ လက်လွှတ်ရမှာကို မတွေးထားပါဘူး။ ကျွန်တော်တို့က ရာသီကုန်မှာ ဘာဖြစ်မလဲဆိုတာ တွေး နိုင်တဲ့အခြေအနေ မဟုတ်ပါဘူး။ ရာသီကုန်ချိန်မှာ ကျွန်တော်တို့ ဗိုလ်မစွဲဘူးဆိုရင် အဲဒါက ကျွန်တော်တို့နဲ့ ထိုက်တန်မှုမရှိလို့ပါ။ ပြီးခဲ့တဲ့ရာသီတွေမှာ ဗိုလ်စွဲခဲ့တာက ကျွန်တော်တို့ နဲ့ ထိုက်တန်လို့ပါ။ အခု ကျွန်တော်တို့ လုပ်ရမှာက ဖီယင်နုကို အနိုင်ယူဖို့ပါ။ အဲဒါက အရေးအကြီးဆုံးပါပဲ။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ပထမဦးစားပေးပါ။ ကစားသမားတွေအနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပိုကောင်းလာပါလိမ့်မယ်" ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ရှုံးပွဲကြုံတွေ့သည့်(၅)ပွဲတွင် (၁၄) ဂိုးအထိ ခွင့်ပြုခဲ့ရသည့် ခံစစ်ပိုင်းနှင့် ပတ်သက်၍ ဂွါဒီယိုလာက "ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်းက အားနည်းနေတယ်။ ပွဲကို ပုံမှန်အတိုင်း ကောင်းကောင်းစတင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ဘဲ အဲဒီနောက်မှာ ဂိုးပေးခဲ့ရတယ်။ ဂိုးပေးလိုက်ရပြီးနောက်မှာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေအတွက် ပိုပြီး ခက်ခဲသွားပါတယ်။ (၈)နှစ်အတွင်းမှာ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ မကြုံဖူးပါဘူး။ အခု ကျွန်တော်တို့ ရှင်သန်ဖို့ ကြိုးစားရမှာဖြစ်ပြီး လာမယ့်ပွဲတွေမှာ နိုင်ပွဲတွေပြန်ယူရမှာပါ။ အထူးသဖြင့် လာမယ့်ပွဲစဉ်ကို အနိုင်ရဖို့လိုပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့လုပ်ရမယ့်နည်းလမ်းက ဒီတစ်ခုပဲ ရှိပါတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။
စပါးနှင့်ပွဲမှ မန်စီးတီးအသင်း၏ ခံစစ်ပိုင်းချို့ယွင်းချက်များထဲတွင် ဂီဗာဒီယိုလ်နှင့် ဂွန်ဒိုဂန်တို့၏ စွမ်းဆောင်ရည်မှာ အညံ့ဆုံးဖြစ်ခဲ့ကြောင်းလည်း Daily Mail ၏ ဆောင်းပါးရှင် ဂျက်ဂေါ်ဂန်က သုံးသပ်ခဲ့သည်။ ၎င်းက ယခုနှစ်အတွင်း မန်စီးတီးအသင်းတွင် စွမ်းဆောင်ရည်အတည်ငြိမ်ဆုံး ကစားသမားမှာ ဂိုးသမား အီဒါဆန်တစ်ဦးတည်းသာ ရှိသည်ဟုလည်း သုံးသပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
