၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပမည့်ကာလကို ထုတ်ပြန်လိုက်ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ် သြဂုတ် ၁၆ ရက်မှ ၂၀၂၆ ခုနှစ် မေ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ်အနေဖြင့် ၂၀၂၄-၂၀၂၅ ရာသီ ပွဲစဉ် (၁၂) မတိုင်ခင်မှာပင် ၂၀၂၅-၂၆ ရာသီ ကျင်းပမည့်ကာလကို ကြိုတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိကျင်းပလျက်ရှိသည့် ၂၀၂၄- ၂၅ ရာသီမှာ ၂၀၂၅ ခုနှစ် မေ ၂၅ ရက်တွင် ပြီးဆုံးမည်ဖြစ်သောကြောင့် ကစားသမားများအနေဖြင့် ၂၀၂၅-၂၆ ရာသီ မစတင်မီ အားလပ်ရက် ၈၃ ရက်ရရှိမည်ဖြစ်ပြီး ရက်အများဆုံး ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ချယ်လ်ဆီးနှင့် မန်စီးတီးအသင်း ကစားသမားများမှာမူ ဇွန် -ဇူလိုင်တွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အားလပ်ရက်လျော့နည်းမည်ဖြစ်သည်။ ၂၀၂၅-၂၆ ရာသီကို စနေ-တနင်္ဂနွေ ရက်သတ္တပတ်များတွင် ပွဲစဉ် ၃၃ ခုနှင့် ကြားရက်များတွင် ပွဲစဉ်ငါးခု ကျင်းပမည်ဖြစ်သည်။
ထို့ပြင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲကျပ်ကာလတွင် ကစားသမားများ အနားယူချိန်ပိုရစေရန်အတွက် ပွဲစဉ်တစ်ခုနှင့် တစ်ခုအကြား နာရီ ၆၀ ခြား၍ ရေးဆွဲမည်ဖြစ်သလို ခရစ္စမတ် အကြိုဖြစ်သည့် ဒီဇင်ဘာ ၂၄ ရက်တွင် ပွဲ မကစားရန်လည်း စီစဉ်ထားကြောင်းသိရသည်။
ရာသီပြီးဆုံးမည့် ၂၀၂၆ ခုနှစ် မေ ၂၄ ရက်နှင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်မည့် ဇွန် ၁၁ ရက်ကြားတွင်လည်း အားလပ်ရက် ၁၈ ရက်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
