ရုရှားက ယူကရိန်းကို စမ်းသပ်ဆဲအဆင့် ဟိုက်ပါဆောနစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နေတိုးနှင့် ယူကရိန်းတို့ နိုဝင်ဘာ ၂၆ ရက်တွင် အရေးပေါ်ဆွေးနွေးပွဲပြုလုပ်မည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းပဋိပက္ခသည် အဆုံးအဖြတ်ပေးသည့် အဆင့်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်းနှင့် အခြေအနေသည် အလွန်ပြင်းထန်လာကြောင်း ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တာ့စ်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၁ ရက်က ယူကရိန်း၏ နီပရိုမြို့ရှိ စစ်စခန်းတစ်ခုကို ရုရှားက စမ်းသပ်ဆဲအဆင့် ဟိုက်ပါဆောနစ်ပဲ့ထိန်းဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းတွင် လုံခြုံရေးကို တင်းကျပ်ခဲ့ကာ လွှတ်တော်အစည်းအဝေးကိုလည်း ဖျက်သိမ်းခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကမူ အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းကို ရုရှားနယ်နိမိတ်အတွင်းရှိပစ်မှတ်များကို တိုက်ခိုက်ရန် ၎င်းတို့ထောက်ပံ့ထားသည့် တာဝေးပစ်ဒုံးကျည်များအသုံးပြုခွင့်ပေးခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တာလတ်ပစ် Oreshnik ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ခွန်းပြောကြားခဲ့သည်။
အနောက်နိုင်ငံများ၏ လေကြောင်းကာကွယ်ရေးစနစ်များသည် ထိုဒုံးကျည်အသစ်ကို တားဆီးရန် စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။
Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
