ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများ လုယက်ခဲ့သူနှင့် သက်သေခံလက်ကိုင်ဖုန်းများ လက်ခံဝယ်ယူထားရှိသူတို့အား ဖုန်းမျိုးစုံ ၁၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်ရှိ ရပ်ကွက်များအတွင်း၌ မော်တော် ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအား လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ပြည်သူများ၏ သတင်းပေးပို့တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၆ ရက် ညနေ ၆ နာရီ ၄၀ မိနစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်း၍ လုယက်မှုများကျူးလွန်သည်ဟု မသင်္ကာသူ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ငုရွှေဝါ(၅)လမ်း၊ အမှတ် (၅၈၆)၊ အခန်း(၄)နေ စန်းထက်ဝေ အား အမှတ်(၁၁)ရပ်ကွက်၊ ငုရွှေဝါ(၅) လမ်း၌ လုယက်မှုများကျူးလွန်စဉ် စီးနင်းအသုံးပြုခဲ့သည့် Bashan အမျိုးအစား အဖြူ/အပြာရောင်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ စန်းထက်ဝေသည် အောက်တိုဘာ ၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ မြမ ဉ္ဇူလမ်းမပေါ်၌ လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦးထံမှ ဘေးလွယ်အိတ်အား လုယက်ထွက်ပြေးခဲ့ပြီး ၎င်းလွယ်အိတ် အတွင်းမှ TAB 8 Pro အမျိုးအစား Tablet တစ်လုံး၊ Samsung A05s အမျိုးအစား အစိမ်းရောင် လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေစက္ကူရောရာ တစ်သိန်းကျပ်တို့အား ရရှိခဲ့ပြီး TAB 8 Pro အမျိုးအစား Tablet အား လမ်းသွားလမ်းလာကလေးငယ်တစ်ဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆန်းထက်ဝေသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက် များဖြစ်သည့် အမှတ်(၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၈ နှင့် ၄၄)ရပ်ကွက်အတွင်းရှိ လမ်းများပေါ်တွင် သွားလာလျက်ရှိသည့် လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးအား ၁၀ ကြိမ်တိတိ ဆိုင်ကယ်စီးနင်း၍ ဆွဲယူလုယက်ခဲ့ကြောင်းလည်း သိရသည်။
စစ်ဆေးမှုများအရ လုယက်ရရှိထားသည့် လက်ကိုင်ဖုန်းများအား မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်ရှိ Mobile Point ဖုန်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်ဖြစ်သူ မင်းဇင်မောင်(ခ)ပါကြီး ထံတွင် ရောင်းချထားကြောင်းသိရှိရသဖြင့် သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ လုယက်မှုကျူးလွန်ရာမှရရှိသည့် Samsung A05s အမျိုးအစား လက်ကိုင်ဖုန်းအပါအဝင် လက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအကြိမ်ကြိမ် လုယက်မှုကျူးလွန်ခဲ့သူ ဆန်းထက်ဝေနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့် သက်သေခံလက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူ ထားရှိသူ မင်းဇင်မောင်(ခ)ပါကြီးတို့နှစ်ဦးအား သက်သေခံ လက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း၌ လုယက်မှုတစ်ခုစီအတွက် အမှုအသီးသီးရေးဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
