Top News

ရေးမြို့နယ် အာယုတောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရုံးအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့
24htopnews | November 25, 2024 5:12 PM CST

နိုဝင်ဘာ ၂၃  ရက်  နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ရေး မြို့နယ် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ရေးဘီလူးအဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရေးဘီလူးအဖွဲ့က ကန်တာအမျိုးအစား အဖြူရောင် မြေသယ်ယာဉ်နဲ့ ရွာလယ်လမ်းအတိုင်း မောင်းနှင်လာပြီးတော့ အုပ်ချုပ်ရေးမှူးရုံးအရှေ့အရောက်မှာ အုပ်ချုပ်ရေးမှူးရုံးထဲကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ ဟု ဒေသခံက ပြောကြားသည်။

ထိုသို့ ရေးဘီလူးအဖွဲ့မှ အုပ်ချုပ်ရေးမှူးရုံးထဲသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်စဉ် အာယုတောင်အုပ်ချုပ်ရေးမှူးရုံးရှိ ပြည်သူ့စစ်အဖွဲ့မှလည်း ပြန်လည်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း နှင့် ရေးဘီလူးအဖွဲ့မှ ထိုသို့ ပစ်ခတ်ပြီးနောက် အာယုတောင်ကျေးရွာတောင်ဘက်ရှိ ဆက်သွယ်ရးကျေးရွာဘက်သို့ ကျေးရွာချင်းဆက်လမ်းအတိုင်း မောင်းနှင်သွားကြောင်း ၎င်းဒေသခံက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ထိုင်နေသည့် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အသက် (၅၈) နှစ်အရွယ် ဦးလင်းဦး တွင်လည်ပင်တွင် ကျည်ရှပ်မှန်ဒဏ်ရာ (၁) ချက်၊ ဝမ်းဗိုက်တွင် ကျည်ရှပ်မှန်ဒဏ်ရာ (၁) ချက်၊ ညာဘက်လက်ဖျံတွင် ကျည်ဖောက်တင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်လက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီး၊ ပြည်သူ့စစ်အဖွဲ့ဝင် အသက် (၂၇) နှစ်အရွယ် နောင်နောင် ဆိုသူတွင် ညာဘက်ပေါင်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၁) ချက်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပစ်ခတ်မှုများဖြစ်ပွားချိန်တွင် အုပ်ချုပ်ရေးမှူးရုံးအနီးသို့ ရောက်ရှိနေသည့် ဒေသခံတစ်ဦးဖြစ်သူ အသက် (၅၃) နှစ်အရွယ် ဦးအောင်ဝင်း ဆိုသူတွင် ညာဘက်တင်ပါးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီး၊ အသက် (၅၃) နှစ်အရွယ် ဒေါ်မြင့်စန်း တွင် ဘယ်ဘက်ဒူးခေါင်းတွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၁) ချက်ရရှိခဲ့ကြောင်း နှင့် ၎င်းတို့ (၂) ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးတွင် အလှူခံရန်ရောက်ရှိနေကြသူများဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။


READ NEXT
Cancel OK