နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရား၊ အဓမ္မနည်းဖြင့် ရယူသွား၍ ပြည်သူ လူထု၏ အချုပ်အခြာအာဏာဆုံးရှုံးမှုကို ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများက အကြမ်းမဖက် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် အာဏာဖီဆန်ခြင်း၊ ဖော်ထုတ်ပြသခြင်းမှ တစ်ဆင့် ပြန်လည်ထိန်းသိမ်းရယူနိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ က ကြေညာချက် ထုတ်ပြန်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြည်သူသို့ ပန်ကြားချက်ကို ဖေဖော်ဝါ ရီ ၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါပြည်သူ သို့ ပန်ကြားချက်တွင် ထိုသို့ ထည့်သွင်းထုတ် ပြန်ထားခြင်းဖြစ်သည်။
တပ်မတော်ခေါင်းဆောင်အနည်းစုသည် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံအား စစ်အာဏာသိမ်း၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် မည်သည့်ဥပဒေနှင့်မျှ ညီညွတ်ခြင်းမ ရှိဘဲ အတင်းအဓမ္မ မတရားရယူသွားခဲ့ ကြောင်း NLD ပါတီ၏ ပြည်သူသို့ ပန်ကြား ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မ တဦးဝင်းမြင့်အပါအဝင် NLD ပါတီခေါင်း ဆောင်များ၊ တက်ကြွ လှုပ်ရှားသူများကိုလည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် မည်သို့မျှ ညီညွတ်ခြင်းမရှိဘဲ မတရားဖမ်းဆီးထိန်းသိမ်းထားကြောင်း NLD ပါတီ၏ ပြည်သူသို့ ပန်ကြားချက်တွင် ဖော်ပြထား သည်။
ထိုသို့ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် မတရားရယူခြင်းသည် လည်းကောင်း၊ နိုင်ငံတော်၏ ခေါင်းဆောင် များကို မတရားဖမ်းဆီးထားခြင်းကိုလည်း ကောင်း မည်သို့မျှ လက်ခံနိုင်စရာအကြောင်း မရှိဟု NLD ပါတီက လေးနက်စွာခံယူထား ကြောင်း ကြေညာချက်တွင် ပါရှိသည်။
မြန်မာပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများသည်လည်း ထိုသို့ ခံယူချက်ရှိသည့်အားလျော် စွာ အကြမ်းမဖက် ငြိမ်းချမ်းသည့် နည်းလမ်း များကိုအသုံးပြု၍ မတရားမှုနှင့် အနိုင်ကျင့်မှု များကို အာဏာဖီဆန် ခုခံတွန်းလှန်နေကြ သည်ကို မျက်မြင်ကိုယ်တွေ့သိနေရကြောင်း NLD ပါတီ၏ ပြည်သူသို့ ပန်ကြားချက်တွင် ထည့်သွင်းဖော် ပြထားသည်။
ထိုသို့ မြန်မာပြည်သူများ၊ နိုင်ငံ့ဝန်ထမ်း များ၏ မတရားမှုနှင့် အနိုင်ကျင့်မှုကို အကြမ်းမဖက် ငြိမ်းချမ်းစွာ အာဏာဖီဆန်ကြောင်း ဖော်ပြသောပုံစံအမျိုးမျိုးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ပိုင်ရှင်အစစ်ဖြစ် သော ပြည်သူတို့ထံ ပြန်လည်ရောက်ရှိရေးအ တွက် အဓိကကျသော အကြောင်းရင်းခံဖြစ် သည်ဟုလည်း NLD ပါတီက ဦးထိပ်ပန်ဆင် ယုံကြည်ထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲတွင် ပြည်သူတို့၏ သ ဘောထားအစစ်အမှန်ဖြင့် ရွေးကောက်တင် မြှောက်ကာ တရားနည်းလမ်းတကျ အနိုင်ရရှိ ခဲ့သော NLD ပါတီတွင် ပြည်သူများ၏ ထောက်ခံမှုမှလွဲ၍ မည်သို့သောအင်းအားမျှ မရှိသည့် အားလျော်စွာ ယခုကဲ့သို့ ပြည်သူ များ၊ နိုင်ငံ့ဝန်ထမ်းများ၏ မတရားမှုကို ဆန့် ကျင်ကန့်ကွက်ဖီဆန်မှုများသည် NLD ပါတီ အတွက် အသက်တမျှဖြစ်သော အင်အား တစ်ရပ်ဖြစ်ကြောင်း၊ ထိုအင်အားကိုလည်း NLD ပါတီက ယုံကြည်ကိုးစားကာ ရပ်တည် နေရသည်မှာလည်း NLD ပါတီ စတင်တည် ထောင်စဉ်ကတည်းကဖြစ်ကြောင်း NLD ၏ ပြည်သူသို့ပန်ကြားချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိမိ တို့၏ အချုပ်အခြာအာဏာကို ပြန်လည်ရရှိရေးအတွက် ကြိုးစားအားထုတ်ရုန်းကန်နေကြမှုကို NLD ပါတီက ကြိုဆိုထောက်ခံကြောင်းနှင့် လေးစားစွာ ကျေးဇူးတင် အသိအ မှတ်ပြုလိုကြောင်း၊ NLD ပါတီသည်လည်း ပြည်သူလူထု၏ ကျေးဇူးတရားနှင့် မတရား မှုကို ဆန့်ကျင်သောစိတ်ဓာတ်တို့ကို နှလုံး သွင်း၍ ပါတီဝင်တိုင်းက ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများအား ၀ိုင်းဝန်းကူညီ ထောက် ခံပေးကြရန် NLD ပါတီက တိုက်တွန်းသည်။
အာဏာဖီဆန်မှုကြောင့် ဖြစ်ပေါ်လာ သော ဖမ်းဆီးခံရခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ် ပယ်ခံရခြင်းများကို NLD ပါတီဝင်များက ၀ိုင်းဝန်းကူညီကြရမည်မှာလည်း NLD ပါတီ ဝင်များ၏ တာဝန်တစ်ရပ်ဖြစ်ကြောင်း NLD ပါတီ၏ ပြည်သူသို့ ပန်ကြားချက်တွင် ဖော်ပြ ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
