အာဏာသိမ်းခြင်းကိုဆန့်ကျင်ကြောင်း မန္တလေးမြို့တွင် ဆန္ဒပြသူလေးဦးကို ဖမ်းဆီးပြီးနောက် ငြိမ်းစုစီပုဒ်မ ၁၉ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅ တို့ဖြင့် ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) က ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
" အာဏာသိမ်းအစိုးရ အလိုမရှိ၊ ဖမ်းဆီးခံခေါင်းဆောင်များ... ချက်ချင်းလွှတ် ချက်ချင်းလွှတ်၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး......ဒို့အရေး ဒို့အရေး" စသည်တို့ ဟစ်ကြွေးခဲ့ပြီး အာဏာသိမ်းခြင်းကို ကန့်ကွက် ကြောင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း၃၀၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိ ဆေး တက္ကသိုလ်ရှေ့တွင် ဖေဖော်ဝါရီ ၄ ရက် နံနက်၉နာရီခွဲခန့်က ဆန္ဒပြမှုပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက်ဆန္ဒပြခဲ့ကြသူများအား ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ကိုမင်းညီညီကွန်း၊ကိုစောဥက္ကာဦး၊ကိုရဲဝင်းထွန်းနှင့် ကိုပြည့်စုံအောင် လေးဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
" မြို့နယ်ရဲတပ်ဖွဲ့မှူးကတရားလိုပြုလုပ်ပြီး ဆေးတက္ကသိုလ်ရှေ့မှာဆန္ဒပြခဲ့သူလေးဦးကို ငြိမ်းစုစီပုဒ်မ၁၉နဲ့ တရားစွဲဆိုထားပါတယ်။ နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ၂၅နဲ့လည်း အထွေထွေအုပ်ချုပ်ရေးက တရားလိုပြုလုပ်စွဲဆိုထားသေးတယ်။ကနေ့ကတော့ ငြိမ်းစုစီပုဒ်မအတွက်ပဲ စစ်ဆေးနိုင်ခဲ့ပြီး လာမယ့်၈ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်"ဟု ချမ်းအေးသာစံမြို့နယ်တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောကြားခဲ့သည်။
အဆိုပါမန္တလေးဆေးတက္ကသိုလ်ရှေ့တွင် ပြု လုပ်ခဲ့သည့် ဆန္ဒပြခဲ့မှုနှင့်ပတ်သက်၍ Facebookလူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ယင်းဆန္ဒပြနေသူများမှာ ပြည်သူ အစစ် မှန်မဟုတ်ဘဲ အတုများသာဖြစ်သည်ဟု ပြောဆိုနေမှုများ ထွက်ပေါ်နေခဲ့ရာ အတုအ ယောင်များ လုံးဝမဟုတ်ကြောင်း မန္တလေး ဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဆန္ဒထုတ်ဖော်မှုအပြီး နာရီပိုင်းအကြာတွင် ထုတ်ပြန်ကြေညာခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
