မန္တလေးမြို့တွင် တပ်မတော်မှ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့် သံပုံးတီး လှုပ်ရှားမှု ပြုလုပ်ခဲ့သူ ခြောက်ဦးကို ချမ်းမြသာစည်မြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်း၌ ထောင်ဒဏ်ခုနစ်ရက် ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၄ ရက်ည ၈ နာရီ အချိန်ခန့်က မန္တလေးမြို့တွင် တပ်မတော်မှ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့် သံပုံးတီး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြရာ ချမ်းမြသာစည်မြို့နယ်၌ သံပုံးတီး လှုပ်ရှားမှု ပြုလုပ်ခဲ့သူ ခြောက်ဦးကို ရဲတပ်ဖွဲ့က ရပ်ကွက်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရဲအက်ဥပဒေ ပုဒ်မ ၄၇ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
“ရဲအက် ပုဒ်မ ၄၇ နဲ့ ခြောက်ယောက်ကို ထောင်ဒဏ် ခုနှစ်ရက်စီ ကျခံစေဖို့အတွက် အမိန့်ချမှတ် လိုက်ပါတယ်။ သူတို့ခြောက်ယောက်က စတီးဇလုံတွေ လင်ဗန်းတွေတီးတယ်၊ ဆိုင်ကယ်ဟွန်းအရှည် တီးကြတယ်” ဟု ချမ်းမြသာစည်မြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
တပ်မတော်မှ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့် သံပုံးတီးလှုပ်ရှားမှု ပြုလုပ်ခဲ့သူ ခြောက်ဦးကို ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ညနေပိုင်း အချိန်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ်ခုနစ်ရက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့တွင် တပ်မတော်မှ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့် သံပုံတီးလှုပ်ရှားမှုများကို အာဏာသိမ်းခဲ့ပြီး နောက်ပိုင်းမှ စတင်ကာ ညစဉ် ၈ နာရီအချိန်တွင် မြန်မာဓလေ့ပုံစံဖြင့် သံပုံးတီး၍ လှုပ်ရှားမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ထိုသို့ သံပုံးတီး လှုပ်ရှားမှုများကို တပ်မတော်က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း၌ နိုင်ငံအနှံ့ ပြုလုပ်လျက်ရှိပြီး ရဲတပ်ဖွဲ့မှလည်း ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက် ရှိနေကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးတွင် တပ်မတော်မှ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပြသသည့် သံပုံးတီးလှုပ်ရှားမှုကြောင့် လူဦးရေ ၃၀ ကျော်ကို ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
