စစ်အာဏာရှင် အလိုမရှိကြောင်းနှင့် ဆန့်ကျင်ကြောင်း ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ် ပညာရေးမှူးရုံး ဆရာ၊ ဆရာမ ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ဖဲကြိုးနီ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ခင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဆက်တိုက် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အာဏာသိမ်းခြင်းကို လက်မခံကြောင်းနှင့် ဆန့်ကျင်ကြောင်း၊ ဖဲကြိုးနီလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့က တရားမျှတစွာနဲ့ ရွေးကောက်ထားတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ခံပါတီ အစိုးရ ဖွဲ့စေချင်တာရယ် အခုလို စစ်အစိုးရကို ဆန့်ကျင်ချင်တာပါ။ တခြားသော ဝန်ထမ်းတွေက စိတ်တူကိုယ်တူတွေပါပဲ၊ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ချင်တဲ့စိတ် ရှိပါတယ်။ လမ်းပေါ်မထွက်ဘဲ မိမိဆန္ဒကို ပြချင်တဲ့စိတ် ရှိကြပါတယ်။ ကျွန်တော်တို့ အားလုံးက ညရှစ်နာမှာ သံဗုံးတွေတီးပြီး ဆန္ဒဖော်ထုတ် ကြပါတယ်။ အားလုံးတပြေးညီ ဖြစ်မယ်လို့ ယုံကြည်ပါ” ဟု ပြည်မြို့နယ် ပညာရေးမှူးရုံးမှ ဆရာတစ်ဦးက ပြောကြားသည်။
ယင်းအပြင် ပြည်မြို့နယ် အတွင်းရှိ အခြားဌာနဆိုင်ရာ အချို့နှင့် ကဗျာဆရာများကလည်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
