တပ်မတော်မှအာဏာသိမ်းခြင်းကို ကန့်ကွက်ပြီး ပြည်သူရွေးချယ်ထားသော အစိုးရကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ပဲခူးတက္ကသိုလ်မှ ဆရာများနှင့်ဝန်ထမ်းများက ဖေဖော်ဝါရီ ၅ ရက် နေ့က ဖဲကြိုးနီကမ်ပိန်းပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းခြင်းကိုဆန့်ကျင်သော ဖဲကြိုးနီကမ်ပိန်းဖြင့် ဆန္ဒထုတ်ဖော်ခြင်းကို ပဲခူးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ဖေဖော်ဝါရီ၅ရက် နံနက်၉ နာရီ မှ၁၁ နာရီခွဲအထိပြုလုပ်ခဲ့ပြီး အင်အား၅ဝခန့်ရှိကာ မလာရောက်နိုင်ခဲ့သော ဆရာများလည်း အားလုံးဆန္ဒနှင့်ထပ်တူပြုကြောင်း သိရသည်။
“ကျနော်တို့ကဦးဆောင်ပြီးလုပ်တာလည်း မဟုတ်ဘူး ။ အားလုံးရဲ့ဆန္ဒနဲအညီ လုပ်ကြတာ စုစည်းမိပြီး လုပ်ဖြစ်သွားတာ ။ အင်အား ၅၀ လောက် ရှိတယ်။ လာရောက်ဖို့ခက်ခဲလို့ ရောက်မလာတဲ့ဆရာမတွေကလည်း အားလုံးနဲ့ထပ်တူဖြစ်ကြောင်း onlineပေါ်က ဆန္ဒထုတ်ဖော်ကြမယ် ။ အဓိကတော့ တပ်မတော်ကအာဏာသိမ်းတာကို လက်မခံဘူး ။ ပြည်သူရွေးထားတဲ့အစိုးရကိုပဲ လက်ခံမယ်ဆိုတာကို ထုတ်ဖော်ပြတာပါ"ဟု ပဲခူးတက္ကသိုလ် ဓာတုဗေဒ ဌာနမှ ဆရာတစ်ဦးကပြောကြားသည်။
ထို့အပြင် ဖေဖော်ဝါရီ ၅ ရက် တွင်ပဲခူးမြို့ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှဝန်ထမ်းများ ၊ ပဲခူးမြို့နယ်လျှပ်စစ်ရုံးနှင့် တိုင်းလျှပ်စစ်ရုံးမှဝန်ထမ်းများ ၊ ရှေ့နေအဖွဲ့များမှလည်း တပ်မတော်က အာဏာသိမ်းခြင်းကိုကန့်ကွက်ကြောင်း ဖဲကြိုးနီ ကမ်ပိန်းပြုလုပ်ကာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
