မွန်ပြည်နယ်အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဝန်ထမ်းများ သည် တရားမဝင်အစိုးရ၏ အုပ်ချုပ်ရေးယန္တယား တွင် ပါဝင်လိုခြင်းမရှိသည့်တွက် ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် ရုံးရှေ့၌ ဖဲကြိုးနီ ကမ်ပိန်း ပြုလုပ် ခဲ့ကြောင်းသတင်းရရှိသည်။
“ဒီနေ့ ၁၀ နာရီခွဲ ၁၁ နာရီ ဝန်းကျင်လောက် ဖဲကြိုးနီ ကမ်ပိန်း လုပ်ပါတယ်။ ပါဝင်တဲ့သူတွေ မိမိတို့ခံယူချက်သဘော ထားအရ ပူးပေါင်းပါဝင်ကြတယ်။ ကျွန်တော်လည်း အကြီးကဲတစ်ယောက်အနေနဲ့ ပါဝင်ဆန့်ကျင်ရှုတ်ချတာပေါ့၊ အားလုံးပေါင်း ၂၅ယောက် ပါဝင်တယ်၊ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ဝန်ကြီးဌာန ကုသရေးဦးစီးက ဆရာဝန်၊ဝန်ထမ်းတွေနဲ့ တစ်သဘောတည်းပါပဲ။ သူတို့နဲ့အတူ တစ်တပ်တစ်အားအနေနဲ့ ပါဝင်တဲ့ရည်ရွယ်ချက်ပါပ။ ၊ဌာနကဖိအားကတော့မရှိပါဘူး။ လောလောဆယ်ရုံးမတက်တဲ့သူစာရင်းကို ဖုန်း နဲ့တောင်းထားတာရှိပါတယ်။ ကျွန်တော်ကတော့ လောလောဆယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က နှုတ်ထွက်စာတင်ထားတယ်။ နှုတ်ထွက်ခွင့်မရခင်စပ်ကြားမှာ ပြည်နယ်မှူးတစ်ယောက်အနေနဲ့ ပြည်သူပိုင်ပစ္စည်းရုံးကိုစောင့်ရှောက်ဖို့ တာဝန်ရှိတဲ့အနေနဲ့ရှိနေတာပါ။ ၈၈ ခု တပ်မတော်ကအာဏာရယူတဲ့အနေထားတုန်း ကကျွန်တော်တို့ကျောင်းသားဘဝ အနေထားရဲ့ခါးသည်းတဲ့အတွေ့အကြုံတွေကို ခံစားခဲ့ရ တော့ ဒီတစ်ခေါက်ကလည်း ထိုနည်းလည်းကောင်းသွာမယ်လို့ပဲအမြင်ရှိတယ်။ တစ်နိုင်ငံလုံးမှာ ကမ်ပိန်း လှုပ်ရှားနေ တဲ့ဆရာဝန်တွေရဲ့ဆန္ဒသဘောထားတွေနဲ့အညီ အပြည့်အဝကျွန်တော်တို့လည်း ပူးပေါင်းဆောင် ရွက်နေတာပဲ” ဟု မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်််ကဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်ကပြော ကြားသည်။
ယင်းရုံးနေရာတွင် တရားမဝင်အစိုးရ၏အုပ်ချုပ်ရေးယန္တယားတွင်ပါဝင်လိုခြင်းမရှိသည့်အတွက်ရုံး လုပ် ငန်းများယာယီရပ်နားထားပါသည်ဟူသော ဗီနိုင်းကိုချိတ်ဆွဲထားကြောင်းတွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
