စစ်အာဏာသိမ်းခြင်း အလိုမရှိကြောင်း ၊ ဖမ်းဆီး ခံနေရသည့် နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နှင့်အတူ ဖမ်းဆီးခံနေရသူများအားလုံး ပြန်လွှတ်ပေးရေးအတွက် မန္တလေးမြို့ ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) တွင် လူငယ်များက ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) က ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)တွင် ပဲနှမ်းကောက်ပဲသီးနှံကုန်သည်လူငယ် ၂၀၀ကျော်ပါဝင်ခဲ့ကြပြီး ၎င်းတို့၏ လူမူကွန်ရက်တွေပေါ်မှာ civil disobedience ပါ ဆောင်ရွက်သွားမည်ဟု ဖဲကြိုးနီကမ်ပိန်းတွင် ပါဝင်ခဲ့သည့် ပဲကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
" ကျွန်တော်တို့ ဖဲကြိုးနီကမ်ပိန်းလုပ်ရတဲ့ အကြောင်းအရင်းက နိုင်ငံတော်သမ္မတကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် နိုင်ငံရေး လှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး နှင့် အာဏရှင်အစိုးရ ကန့်ကွက်တဲ့အကြောင်း ပါ " လို့ မန္တလေးကုန်စည်ဒိုင် မှာ လူငယ်တစ်ဦးက ပြောကြားခဲ့သည်
မန္တလေးမြို့တွင် စစ်အာဏာရှင်လက်အောက် တာဝန် မထမ်းဆောင်လိုသည့် ဝန်ထမ်းများကဖဲကြိုးနီကမ်ပိန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
