ပုသိမ် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ ဆရာ၊ ဆရာမပေါင်း ၁၅၀ ကျော်နှင့် ဧရာဝတီတိုင်း အတွင်းရှိ ပြည်သူ့ဝန်ထမ်း ဆရာ၊ ဆရာမများမှ Civil Disobedience Movement Campaign ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ ဆရာ၊ဆရာမပေါင်း ၁၅ဝကျော်သည် ပုသိမ်တက္ကသိုလ်ဝန်းအတွင်း ဖဲကြိုးနီများ တပ်ဆင်ကာ #Stop Military Dictator Ship #We want our elected Government စာသာများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆရာ၊ ဆရာမများ အနေဖြင့် Civil Disobedience Movement တွင် အခြားသော ပြည်သူ့ဝန်ထမ်းများနှင့်အတူ ပူးပေါင်းသွားမည်ဖြစ်ကြောင်း၊ တပ်မတော်မှ အာဏာသိမ်းခြင်းကို လက်မခံကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသော ပြည်သူ့ခေါင်းဆောင်များကို လွှတ်ပေးရန်၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်ပြုရန်၊ ပြည်သူများမှ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ခေါင်းဆောင်များနှင့် တရားမျှတသော လွှတ်တော်ခေါ်ယူခြင်းကို ဆောင်ရွက်ပေးရန် ကြေညာချက်များပါ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဝန်ထမ်း ဆရာ၊ ဆရာမများကလည်း ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံ့ခေါင်းဆောင်များကို ပြန်လည်လွှတ်ပေးရန်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာပြန်ပေးရန် စသည့်ကြေညာချက်များကို ထုတ်ပြန်ကြေခဲ့ကြပြီး တစ်ဦးချင်းအနေဖြင့် Civil Disobedience Movement ကိုထောက်ခံကြောင်း ဖဲကြိုးနီတပ်ဆင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်နည်းပညာတက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံ ကျောင်းများနှင့် အခြားသော ပညာရေးဌာန အဖွဲ့အစည်းများ၊ ကျောင်းသား ကျောင်းသူများ အစိုးရဌာနများမှလဲ အာဏာသိမ်းမှုကို လက်မခံကြောင်း ဖဲကြိုးနီကမ်ပိန်းများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်း အသီးသီးမှာလည်း Civil Disobedience Movement တွင်ပါဝင်ခဲ့ကြောင်း၊ မအူပင်မြို့နှင့် မော်လမြိုင်ကျွန်း မြို့များတွင် အနီရောင် မိုးပျံပူပေါင်းများ လွှတ်တင်ကာ အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
