Top News

၂၀၂၀ ရွေးကောက်ပွဲ မဲ မသမာမှု ဖြစ်သည်ဟူသော စွပ်စွဲချက်ကို ဆန့်ကျင်သောအားဖြင့် ဖားကန့်မြို့နယ်အတွင်း မဲရုံတာဝန် ထမ်းဆောင်ခဲ့သည့် ဆရာ ဆရာမများ ဖဲကြိုးနီကမ်ပိန်း ပြုလုပ်၍ ဆန္ဒထုတ်ဖော်
24htopnews | November 25, 2024 6:13 PM CST

အာဏာသိမ်း စစ်အစိုးရ၏ စွပ်စွဲချက်တစ်ခုဖြစ်သည့် ၂၀၂၀ ခ အထွေထွေရွေးကောက်ပွဲမှာ  မဲ မသမာမှု ရှိသည် ဟူသော စွက်စွဲချက်မှာ မဟုတ်မမှန် စွက်စွဲချက်သာဖြစ်ကြောင်းနှင့် ၎င်းစွက်စွဲချက်ကို တုန့်ပြန် ဆန့်ကျင်သောအားဖြင့် ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်အတွင်းရှိ မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြသည့် ကျောင်းဆရာ ဆရာမများမှ ဖဲကြိုးနီကမ်ပိန်းပြုလုပ်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည် ။

ကျွန်မတို့ ဒီနေ့မနက်ပိုင်းပေါ့နော် ကျောင်းဆရာဆရာမတွေ စုစည်းပြီးတော့ ရွေးကောက်ပွဲမှာ မဲမသာမှုဖြစ်တယ်ဆိုတဲ့ မသမာမှုကိုပြုလုပ်ပါတယ်ဆိုတာကို မဟုတ်ဘူးဆိုတဲ့ ဥစ္စာကို ဆရာဆရာမတွေစုပြီးတော့မှ ရှင်းလင်းပွဲနဲ့ ကျွန်မတို့ဟာ သမာသမတ်ကျကျနဲ့ လုပ်ခဲ့ပါတယ်ဆိုတဲ့စာကို အာမခံပြီးတော့မှ လက်မှတ်ရေးထိုးပြီးတော့မှ ဆရာ ဆရာမတွေ စုဝေးပြီး တောင်းဆိုခဲ့ကြပါတယ် ။ ကျွန်မတို့ အမှန်ကန်ဆုံးလုပ်ခဲ့တဲ့အပေါ် မတရားစွပ်စွဲတာကို အမှန်အကန်လုပ်ခဲ့တယ်ဆိုတာ ပြောပြချင်ပါတယ် ။ ကျွန်မတို့မှာလည်း နိုင်ငံသားတစ်ယောက်ရဲ့ ကိုယ်ကြိုက်တဲ့ အစိုးရကို ရွေးချယ်ပိုင်ခွင့်ရှိတယ် “ ဖဲကြိုးနီကမ်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည် အ.လ.က မရှီကထောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးအေးမှ Eleven Media Group သတင်းဌာနသို့ ပြောကြားသည် ။

 

 မဲ မသမာမှု ဆိုတဲ့ စကားက ကျွန်တော်တို့ ဆရာ ဆရာမတွေနဲ့ ပညာရေးအသိုင်းဝိုင်းတစ်ခုလုံးကို ပုတ်ခက်တဲ့စကားလုံးဖြစ်တဲ့အခါကျတော့ ဒါကို ကျွန်တော်တို့က မဲမသာမှုမလုပ်ခဲ့ဘူး ။ မဲ မသမာမှုကို လုံးဝလုံးဝ မလုပ်ခဲ့ပါဘူးဆိုတာကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ် ။ ကျွန်တော်တို့ ဆရာ ဆရာမတွေက အမှန်ကန်ဆုံးလုပ်ခဲ့ရဲ့သားနဲ့ ကျွန်တော်တို့ကို ဒီလိုစွပ်စွဲတာ လုံးဝမခံနိုင်ပါဘူး “ ဟု အ.ထ.က (ခွဲ) ရှရော်ခကျောင်းမှ အထက်တန်းပြဆရာ ဦးဇော်ထူးအောင်မှ ပြောကြားသည် ။

ဖဲကြိုးနီကမ်းပိန်းကို ဖားကန့်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ဆရာဆရာမများပါဝင်ခဲ့ပြီး ဆန့်ကျင် လှုပ်ရှားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့၌ ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများ ရှိခဲ့ဟူသော လက်ရှိ အာဏာသိမ်း စစ်အစိုရ၏ စွပ်စွဲချက်အပေါ် လက်မခံနိုင်ကြောင်းနှင့် မှန်မှန်ကန်ကန်လုပ်ဆောင်ခဲ့ကြကြောင်းကို ပြဆိုသည့် သဘောဖြစ်ကြောင်း ဟု သိရသည် ။

အဆိုပါ ဖဲကြိုးနီကမ်းပိန်းလှုပ်ရှားမှုတွင် ဖားကန့်မြို့နယ်ပညာရေးမိသားစု ဆန္ဒသဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးဩဇာရှိခေါင်းဆောင်များအား ထိမ်းသိမ်းခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ပြည်သူဆန္ဒမပါဘဲ နိုင်ငံတော်အာဏာ လွဲပြောင်းရယူသည့်အစိုးရအဖွဲ့အား အသိအမှတ်မပြုကြောင်း ရေးသားထုတ်ပြန်ခဲ့သည် ။

 


READ NEXT
Cancel OK