အာဏာသိမ်း စစ်အစိုးရအား ဆန့်ကျင်ကြောင်း မော်လမြိုင်တက္ကသိုလ်ရှိ ဌာနပေါင်းစုံမှ ဆရာ၊ ဆရာမများမှ ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ပင်မ ခန်းမဆောင်ရှေ့တွင် ဆန္ဒဖေါ်ထုတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖေါ်ပွဲတွင် "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေး … ဒို့အရေး"၊ "စစ်အာဏာရှင်စနစ် … အလိုမရှိ"၊ "ရွေးကောက်ပွဲရလဒ်အတည်ပြုရေး" … ဒို့အရေး"၊ "နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အမြန်လွှတ်ပေးရေး … ဒို့အရေး" စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
တပ်မတော် မှ နိုင်ငံတော်အာဏာအား သိမ်းယူခဲ့သည့် ဖေဖေါ်ဝါရီလ (၁) ရက်ကစပြီး မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် မော်လမြိုင်တက္ကသိုလ်ရှိ စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီများ၊ အားကစားအသင်းအဖွဲ့များ၊ မော်လမြိုင်တက္ကသိုလ်အဝေးသင်ကျောင်းသား/သူအဖွဲ့များ၊ အစရှိသည့် ကျောင်းသားအဖွဲ့အစည်းများ၊ မော်လမြိုင်တက္ကသိုလ်ဌာနပေါင်းစုံမှ ကျောင်းသား/သူများမှလည်း တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့်အပေါ် ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် မော်လမြိုင်တက္ကသိုလ်စေတနာ့ဝန်ထမ်း ကျောင်းသား/သူများအဖွဲ့ မှ Volunteer အဖြစ် ဆောင်ရွက်ပေးနေသည့် မော်လမြိုင်တက္ကသိုလ် ဆယ်မြို့နယ်ဆောင်ရှိ Community Base Facility Quarantine (CBFQ) ကိုလည်း ပိတ်သိမ်းလိုက်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
