စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း မကွေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဆရာ၊ ဆရာမများ ဝန်ထမ်းများနှင့် ချောက်မြို့နယ် လမ်းရွာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အထွေထွေ မန်နေဂျာရုံးမှ ဝန်ထမ်းများက ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်တွင် ဖဲကြိုးနီ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မကွေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ဝန်ထမ်းပေါင်း ၂၀၀ ခန့်သည် ယင်းတက္ကသိုလ်ဝင်း အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဖဲကြိုးနီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး စစ်အာဏာသိမ်းမှု အလ်ုိမရှိ၊ ဖမ်းဆီး ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် လွှတ်တော် ကိုယ်စားလှယ်များအား လွှတ်ပေးရေး၊ ပြည်သူများဆန္ဒဖြင့် မဲပေးထောက်ခံထားသည့် လွှတ်တော်ကို အမြန်ဆုံး ခေါ်ပေးရေးတို့ကို တောင်းဆ်ုိခဲ့ကြကြောင်း သိရသည်။
“ဒါသည် မတရားတဲ့ကိစ္စ ဖြစ်ပါတယ်။ မတရားတဲ့ကိစ္စကို သားစဉ်မြေးဆက် ခေါင်းငုံ့ခံရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ခုလိုလုပ်တာက အများစုရဲ့ ဆန္ဒနဲ့ မဲပေးထားတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်ပေးရေးအတွက်ပါ။ နောက်ပြီးတော့ ၂၀၂၀ လွှတ်တော် ခေါ်ပေးရေးလည်း ပါဝင်ပါတယ်” ဟု မကွေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ဆရာများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာ လှိုင်ထွန်းအောင်က ပြောကြားသည်။
ချောက်မြို့နယ် လမ်းရွာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဝန်ထမ်းများသည် ဖဲကြိုးနီလှုပ်ရှားမှုကို အထွေထွေ မန်နေဂျာရုံးဝင်း အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
