အဲဗာတန် - ခရစ္စတယ်ပဲလေ့စ်(မြန်မာစံတော်ချိန် ဧပြီလ ၅ ရက် ည ၁၁း၃၀ နာရီ)
အဲဗာတန်က ချယ်လ်ဆီးနဲ့ ဘန်လေတို့ကို ဆက်တိုက်ရှုံးခဲ့တယ်။ ချယ်လ်ဆီးကို မယှဉ်နိုင်ခဲ့သလို၊ ဘန်လေနဲ့ပွဲမှာလည်း တော်တော်လေး ညံ့ပါတယ်။ ဒါကြောင့် ယူရိုပါလိဂ်ဝင်ခွင့်အတွက်တောင် ဖြစ်နိုင်ခြေနည်းလာတယ်။ ပဲလေ့စ်ကတော့ တန်းဆင်း
ဇုန်အတွက် သိပ်စိတ်ပူစရာမရှိသလို၊ အပေါ်တက်နိုင်ခြေလည်း မရှိပါဘူး။ နောက်ဆုံး (၅)ပွဲမှာ (၁) ပွဲပဲရှုံးခဲ့တာတော့ ချီးကျူးရမယ်။ အဲဗာတန်ဆီက အမှတ်ခွဲယူနိုင်စွမ်းရှိပါတယ်။
ဝုလ်ဗ် - ဝက်စ်ဟမ်း(မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် နံနက် ၁း၄၅ နာရီ)
ဝက်စ်ဟမ်းက နောက်ဆုံး (၅)ပွဲမှာ မန်စီးတီးနဲ့ မန်ယူတို့ကို ကပ်ရှုံးခဲ့ပြီး စပါးနဲ့ လိဒ်စ်တို့လိုအသင်းကောင်းတွေကို အနိုင်ယူခဲ့တာတွေ့ရတယ်။ အာဆင်နယ်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာလည်း နိုင်ပွဲရခဲ့သင့်လျက်နဲ့ ဦးဆောင်ဂိုး (၃)ဂိုးကို
မထိန်းနိုင်ဘဲ သရေကျခဲ့တယ်။ လက်ရှိအချိန်မှာ ဝုလ်ဗ်ရဲ့ခြေစွမ်းထက် ဝက်စ်ဟမ်းက ပိုစိတ်ချရတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်လည်း ရှိနေလို့ အနိမ့်ဆုံးသရေတော့ ယူလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
