Top News

အာဆင်နယ်မှ မိန့်လန်းနိုင်းစ်အား ခေါ်ယူရန် ပြိုင်ဘက် မန်ယူအသင်း မျက်စိကျ
24htopnews | November 25, 2024 6:13 PM CST

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အသင်းမှ အင်္ဂလန်တောင်ပံကစားသမား မိန့်လန်းနိုင်းစ်အား ခေါ်ယူရန် မျက်စိကျနေကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။ 

မိန့်လန်းနိုင်းစ်သည် အာဆင်နယ်အသင်းနည်းပြ အာတီတာ၏လက်အောက်တွင် ပုံမှန်နေရာရရန် ရုန်းကန်နေရသူဖြစ်ပြီး လက်ရှိတွင် ဝက်စ်ဘရွန်းအသင်း၌ အငှားစာချုပ်ဖြင့် သွားရောက်ကစားလျက်ရှိသည်။ 

မိန့်လန်းနိုင်းစ်သည် ဝက်စ်ဘရွန်းနှင့် အငှားစာချုပ်သက်တမ်းပြည့်မည့် ဇွန်လတွင် အာဆင်နယ်သို့မပြန်လိုတော့ဘဲ အခြားသောအသင်းတစ်သင်းသင်းသို့ အပြီးသတ်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

အသက် (၂၃)နှစ်အရွယ်မိန့်လန်းနိုင်းစ်သည် အာဆင်နယ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသူဖြစ်သည်။

၎င်းအား ဝုလ်ဗ်၊ လက်စတာ၊ ဆောက်သမ်တန်အစရှိသော ပရီးမီးယားလိဂ် အသင်းများကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။


READ NEXT
Cancel OK