Pay Par View ပွဲစဉ်များကို စီစဉ်နေသည့် Top Rank က လက်ဝှေ့လောကနှင့် (၂)နှစ်ကျော်ကြာကင်းကွေနေသည့် ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကီယောင်းနှင့် WBO ၏ ဝယ်လ်တာဝိတ်တန်းရွှေခါးပတ်ချန်ပီယံ ကရောဖို့ဒ်တို့၏ ပွဲစဉ်ကို လာမည့် ဇွန်လ (၅)ရက်နေ့တွင် ထိုးသတ်သွားရန် စီစဉ်နေသည်ဟု ESPN သို့အတည်ပြုခဲ့သည်။
ပက်ကီယောင်းသည် ၂၀၁၉ ခုနှစ်အတွင်းက ကိသ်တာမန်းအား အနိုင်ယူခဲ့သည့်ပွဲကို နောက်ဆုံးထိုးသတ်ခဲ့ပြီးနောက် ကစားသမားဘဝတွင် (၆၂)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၇) ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး လက်ဝှေ့လောက၏ ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်သည်။
ယခုပွဲစဉ်ကို ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ကျင်းပရန် စီစဉ်ထားပြီး ယင်းကဲ့သို့ စီစဉ်ခဲ့ခြင်းမှာ ပွဲဝင်ရောက် ကြည့် ရှုမည့်သူအနည်းငယ်၏ အလွန်မြင့်မားသည့် လက်မှတ်နှုန်းထားအတွက် အဆင်ပြေသည့် နေရာတစ်ခုဖြစ်ခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရှိရသည်။ ပက်ကီယောင်းနှင့် ထိုးသတ်မည့် ကရော့ဖို့ဒ်မှာမူ ကစားသမားဘဝတစ်လျှောက် စုစုပေါင်းပွဲစဉ် (၃၇) ပွဲထိုးခဲ့ဖူးရာတွင် (၃၇) ပွဲစလုံးကို အနိုင်ယူထားသူဖြစ်ပြီး ယင်းအနက် (၂၈) ပွဲကို အလဲထိုး အနိုင်ရရှိခဲ့သူလည်းဖြစ်သည်။
"သူတို့နှစ်ဦးပွဲအတွက် ဆွေးနွေးမှုတွေလုပ်နေတာ အရမ်းကြာနေပါပြီ။ အခုတော့ နောက်ဆုံးအပြီးသတ်နိုင် ဖို့ သိပ်မလိုတော့ပါဘူး။ ထိုးမယ့်နေရာက အဘူဒါဘီဖြစ်ပြီး၊ ထိုးမယ့်နေ့က ဇွန်လ (၅) နေ့ကို ရည်ရွယ်ထားပါတယ်" ဟု Top Rank က အတည်ပြုခဲ့သည်။
Boxing Insider မှ နာမည်ကျော် လက်ဝှေ့သတင်းထောက် မိုက်ကော်ပင်ဂါကမူ "ဒီပွဲက ကရောဖို့ဒ်အတွက် သူ့အပေါ် ဝေဖန်မှုတွေကို အဆုံးသတ်ဖို့ အကောင်းဆုံးအခွင့်အရေးပါ" ဟုဆိုခဲ့ပြီး အရည်အသွေးနိမ့်ပြိုင်ဘက်များနှင့် ဆက်တိုက် ထိုးသတ်ခဲ့ ခြင်းအတွက် ဝေဖန်ခံနေရခြင်းအပေါ် ရည်ရွယ်ပြီး ပြောကြားခဲ့သည်။
ယခုပွဲစဉ်အတွက် ပက်ကီယောင်းသည် ကရောဖို့ဒ်ထက် ပွဲထိုးသတ်ကြေး ပိုမိုရရှိမည်ဖြစ်ပြီး ထိုးသတ်ကြေးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမရှိသေးချေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
