ရွေးကောက်ပွဲဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်စဉ်ကာလအတွင်း ကော်မရှင်က ထုတ်ပေးထားသော လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာများသည် အကျိုးသက်ရောက်မှုမရှိကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း MRTV သတင်းဌာနမှ ည၈ နာရီအချိန်ထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများပြုနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲပြောင်းပေးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံတော်အတွင်း ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးဖြစ်စဉ်များတွင် မဲမသမာမှုများ ပေါ်ပေါက်ခဲ့သဖြင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကော်မရှင်က လိုအပ်သည့်စုံစမ်းစစ်ဆေးမှု များပြုလုပ်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်၍ သက်ဆိုင်ရာလွှတ်တော်အသီးသီးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးထားသော လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာများသည် မဲမသမာမှုများ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်ကာလအတွင်း အကျိုးသက်ရောက်မှု တစ်စုံတစ်ရာမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
