ရွှေတိဂုံစေတီတော်အပါအဝင် တိုင်းဒေသကြီး ပြည်နယ်အသီးးရှိ ဘုရား ပုထိုးစေတီများကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။
ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ထုတ်ပြန်သော MRTV သတင်းအစီစဉ်တွင် အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဖူးမြော်ခွင့် ပြုရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ထိန်းချုပ် တားဆီး ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖူးမြော် ကြည်ညိုရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို ပြန်လည်ဖွင့်လှစ်ရာတွင် ဖေဖော်ဝါရီ ၈ ရက် နှင့် ၉ ရက်တို့တွင် သံဃာတော်များ၊ သီလရှင်များကို ဦးစားပေးခွင့်ပြုမည် ဖြစ်ကာ ဖေဖော်ဝါရီလ ၁ဝ ရက်တွင် အသက်အရွယ်ကြီးရင့်သူများ၊ မသန်စွမ်းပြည်သူများ ဖူးမြော်နိုင်ရေး ဦးစားပေး ခွင့်ပြုသွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်မှ စ၍ ရဟန်းရှင်လူ ပြည်သူများ ဖူးမျှော်နိုင်ရေး ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ခွင့်ပြုရာတွင် နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီ အထိလည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီထိ လည်းကောင်း၊ နံနက် ၁၀ နာရီမှ ၁၁ နာရီထိ လည်းကောင်း နံနက်ပိုင်း ၃ ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ လည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ၄ နာရီထိ လည်းကောင်း၊ ညနေပိုင်း ၅ နာရီအချိန်မှ ညနေပိုင်း ၆ နာရီထိ လည်းကောင်း ညနေပိုင်း ၃ ကြိမ် ဖူးမြော်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တစ်ကြိမ်လျှင် လူဦးရေ ၅၀၀ နှုန်းဖြင့် တစ်ရက်လျှင် ၆ ကြိမ်နှုန်းဖြစ်ခြင်းကြောင့် တစ်ရက်လျှင် ဦးရေ ၃၀၀၀ ခွင့်ပြုသွားမည်
တစ်ကြိမ်လျှင် အရှေ့ဘက်စောင်းတန်းမှ ၂၀၀ ဦး၊ အနောက်ဘက်စောင်းတန်းမှ ၁၅၀ ဦး၊ တောင်ဘက်စောင်းတန်း မှ ၅၀ ဦး နှင့် မြောက်ဘက် စောင်းတန်းမှ ၁၀၀ ဦး စုစုပေါင်း ၅၀၀ ဦး ဖူးမြော်နိုင်မည် ဖြစ်ကာ သက်ကြီးရွယ်အိုများ နှင့် မသန်စွမ်းသူများမှ အပ ဓာတ်လှေကားဖြင့် တက်ရောက်ခွင့် မပြုသေးကြောင်း၊ ဘုရားဖူးပြည်သူများသည် အသင့်ပြုလုပ်ထားသော ပုံစံများတွင် ကိုယ်ရေးအကျဉ်း ဖြည့်စွက်ရမည် ဖြစ်ကာ ပိုမိုမြန်ဆန်စေရန် ကိုယ်ရေးအကျဉ်းကို မိမိအစီစဉ်ဖြင့် ကြိုတင်ရေးသားလာနိုင်ကြောင်း နှင့် တက်ရောက်သည့် မုခ်ဦးမှသာ ပြန်လည် ထွက်ခွာရမည် ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
