မြန်မာ့တပ်မတော်၏ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များကို ထောက်ခံပွဲ ကို မန္တလေးမြို့၊ ၆၂ လမ်းပေါ်ရှိ မနော်ရမ္မံကွင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) ၊ မွန်းလွဲ ၂ နာရီ မှ စတင်ကာ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်းဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)က အဖွင့်ဩဝါဒကထာ မြွက်ကြားခြင်း။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ-မန္တလေးမှ အရှင်ဣန္ဒက(ခ)အရှင်ဣန္ဒဝီရ(လှည်းကူး)မှ ဟောပြောမိန့်ကြားခြင်း။ မန်းမဟော်သဓာကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးမှ ဟောပြောတင်ပြခြင်း။ အမျိုးသားရေးရှေ့နေ ဦးမောင်မောင်နိုင်က ဟောပြောတင်ပြခြင်း။ သဘောထားကြေညာချက် ထုတ်ပြန်ကြေညာခြင်းနှင့် ဇာတိမာန်သီချင်းသီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ကြွေးကြော်သံများအဖြင့်
အခြေခံဥပဒေကို စောင့်ရှောက်ပေးသော တပ်မတော်ကြီးကို (ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်) ။
မဲမသမာမှုကို ဖော်ထုတ်ပေးသော တပ်မတော်ကြီးကို
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” ။
နိုင်ငံတော်ကိုစောင့်ရှောက်ပေးသော တပ်မတော်ကြီးကို
(ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်)။
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်(အောင်ရမည်၊ အောင်ရမည်)ဟု ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
