နိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေ သည့် အခြေအနေများကို တပ်မတော်နှင့် အခြားသက်ဆိုင်သည့် အင်အားစုအားလုံးက စိတ်ရှည်သည်းခံမှုအပြည့်ဖြင့် ထိန်းသိမ်း ဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း ပြည် နယ်ငါးခုမှ ပေါင်းစည်းတိုင်းရင်းသားပါတီ များက ဖေဖော်ဝါရီ ၅ ရက်တွင် ပူးတွဲထုတ် ပြန်သည်။
ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် မွန်ပြည် နယ်တို့မှ ပေါင်းစည်းထားသည့် တိုင်းရင်းသား ပါတီငါးပါတီက လက်ရှိ ဖြစ်ပေါ်နေသည့် အ ခြေအနေများနှင့်ပတ်သက်၍ အွန်လိုင်းတွင် တွေ့ဆုံဆွေးနွေးပြီးနောက် အချက်သုံးချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။
“ပြန်လည်သင့်မြတ်ရေးအတွက်ကို အဓိကထားပြီးမှ ကျွန်တော်တို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးဟာ ကျွန်တော်တို့နိုင်ငံအတွက် ဒီယဉ်ကျေးမှု ဟာ သုံးကိုသုံးရမယ့် သုံးစွဲရမယ့်ဟာဖြစ်ပါ တယ်။ ဒါကြောင့်မို့လည်း ဒီဟာကို တောင်း ဆိုခြင်းဖြစ်ပါတယ်” ဟု ပေါင်းစည်းပါတီ တစ်ခုဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဂွမ်ဂေါင်အောင်ခမ်းက ပူးတွဲကြေညာချက်နှင့်ပက်သက်၍ မှတ်ချက်ပြု သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကြောင်းပြုပြီး အငြင်းပွားမှုများ ပေါ်ပေါက်ရာမှ တပ်မတော်က နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကို ရယူထိန်းသိမ်းသည်အထိ ဖြစ်ခဲ့ခြင်းအပေါ် တိုင်းရင်းသားပါတီငါးပါတီမှ စိတ် မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲ စာရင်းများတွင် ကြီးမားသော ကွာခြားမှုများ ရှိနေခြင်းနှင့် နိုင်ငံတော်တည်ငြိမ်မှု ထိခိုက် လျက်ရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ အာဏာ သုံးရပ်ကို တပ်မတော်က ဖေဖော်ဝါရီ ၁ ရက် တွင် လွှဲပြောင်းရယူပြီး နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာထားသည်။
အရေးပေါ်အခြေအနေအား တစ်နှစ် သတ်မှတ်ထားပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးလျှင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်တရားမျှတသောရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံ တော်တာဝန်များ လွှဲအပ်သွားမည်ဟု တပ်မတော်ကြေညာချက်တွင် ဖော်ပြထားသည်။
တပ်မတော်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြပွဲများ၊ သံပုံးတီးကန့် ကွက်မှုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဖဲကြိုးနီလှုပ်ရှားမှုများပြုလုပ်၍ ကန့်ကွက် လျက်ရှိသကဲ့သို့ တပ်မတော်ကို ထောက်ခံ ဆန္ဒပြပွဲများလည်း တိုင်းနှင့်ပြည်နယ်အချို့ တွင် ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်း လမ်းဖြင့် ဆွေးနွေးအဖြေရှာပြီး နိုင်ငံရေးယဉ် ကျေးမှုကို နှလုံးသွင်းကာ ဖက်ဒရယ်ဒီမိုက ရေစီတည်ဆောက်ရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကို အင်အားစုအားလုံးက ကြိုးပမ်းဆောင် ရွက်သွားရန် ပေါင်းစည်းတိုင်းရင်းသားပါတီ များက တိုက်တွန်းသည်။
“နောက်တစ်ချက်က ကျွန်တော်တို့ဟာ ဖက်ဒရယ်နိုင်ငံမတည်ဆောက်ဘဲနဲ့ နိုင်ငံ ကို ဘယ်လိုမှသွားလို့ မရပါဘူး။ ဒါကြောင့် ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ဆိုတဲ့ဟာကို ကျွန်တော် ပြောလိုတယ်။ ဒါကြောင့် အဓိက ကတော့ ဖြစ်နေတဲ့ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေးပြီးမှ အဖြေရှာဖို့။ နိုင်ငံရေးကိုနိုင်ငံ ရေးအရ အဖြေရှာဖို့ဆိုတဲ့ဟာကို ထုတ်ပြန် ခြင်းဖြစ်ပါတယ်” ဟု ကချင်ပြည်နယ် ပြည်သူ့ ပါတီဒုတိယဥက္ကဋ္ဌ (၂) ဂွမ်ဂေါင်အောင်ခမ်း က ပြောကြားသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယား ပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် မွန်ညီညွတ်ရေးပါတီတို့ က ကြေညာချက် ပူးတွဲထုတ်ပြန်ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
