နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲ၌ အာဆင်နယ်အသင်းအတွက် တတိယဂိုးသွင်းယူပေးခဲ့သည့် ဆယ်ကျော်သက်ကစားသမား နွမ်နယ်ရီသည် ပရီးမီးယားလိဂ်၏ အသက်အငယ်ဆုံး ဂိုးသွင်းသူ(၁၀)ဦးစာရင်းတွင် ပါဝင်လာခဲ့ကြောင်း သိရသည်။
အင်္ဂလန်ယူ-၁၉ လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား နွမ်နယ်ရီသည် ယင်းပွဲတွင် (၈၂)မိနစ်၌ အော်ဒီဂွါ၏နေရာ လူစားဝင်ကစားခဲ့ခြင်းဖြစ်ပြီး (၈၆)မိနစ်တွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ယင်းနေ့တွင် အသက်(၁၇ နှစ်၊ ၂၄၇ ရက်)သာ ရှိသေးသည့်အတွက် ပရီးမီးယားလိဂ်တွင် ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံးကစားသမား(၁၀)ဦးစာရင်းထဲ ပါဝင်ခဲ့ခြင်းဖြစ်ပြီး နဝမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ပရီးမီးယားလိဂ်တွင် အသက်အငယ်ဆုံးဂိုးသွင်းယူအဖြစ် စံချိန်တင်ထားသူမှာ ၂၀၀၅ ခုနှစ်က (၁၆ နှစ်၊ ၂၇၀ ရက်)တွင် ဂိုးသွင်းယူနိုင်ခဲ့သော အဲဗာတန်ကစားသမား ဂျိမ်းစ်ဗော်ဂန်ဖြစ်သည်။ ယင်းစာရင်းတွင် အာဆင်နယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်ကလည်း စတုတ္ထနေရာ ရပ်တည်နိုင်ခဲ့သည့်အတွက် နွမ်နယ်ရီ သည် ပရီးမီးယားလိဂ်၌ ဂိုးသွင်းယူနိုင်သည့် ဒုတိယအသက်အငယ်ဆုံး အာဆင်နယ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
နွမ်နယ်ရီသည် အာဆယ်နယ်အသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး တောက်ပလာမည့်ကစားသမားအဖြစ်လည်း ထင်ကြေးပေးခံထားရသည်။ ၎င်းသည် ပရီးမီးယားလိဂ်ယှဉ်ပြိုင်ခွင့်ရသည့် အာဆင်နယ် အသင်း၏ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ထားသည်။ အာဆင်နယ်အသင်းသည် နွမ်နယ်ရီကို သက်တမ်းရှည်စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
