အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် မကြာမီကျင်းပတော့မည့် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲတွင် VAR နည်းပညာ ကျင့်သုံးမည်ဖြစ်ကြောင်း တရားဝင် အသိပေးထုတ်ပြန်လိုက်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ၏ ထုတ်ပြန်မှုတွင် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲ၌ မသေချာသည့်ဖြစ်စဉ်များအတွက် ပရော်ဖက်ရှင်နယ်ပီသစွာဖြင့် VAR နည်းပညာကို တတိယကြားခံနယ်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင်၂၀၂၄ အာဆီယံဖလားပြိုင်ပွဲတွင် VAR နည်းပညာ ကျင့်သုံးရာ၌ အုပ်စုအဆင့်ပွဲစဉ်များတွင် ကင်မရာ ၁၀ လုံး၊ ဆီမီးဖိုင်နယ်အဆင့်မှစ၍ ကင်မရာ ၁၂ လုံး သုံးစွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ယခုနျစ်အတွင်း ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ၊ ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲများတွင်လည်း VAAR နည်းပညာကို အသုံးပြုခဲ့သလို လက်ရှိကျင်းပနေသည့် အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ (ဆိုဖီဖလား) တွင်လည်း VAR နည်းပညာကို အသုံးပြုနေလျက်ရှိကြောင်း သိရသည်။
အာဆီယံဒေသတွင်းတွင် ပြည်တွင်းဘောလုံးပြိုင်ပွဲများ၌ VAR နည်းပညာကို အသုံးပြုနေသည့် နိုင်ငံများမှာ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ် သုံးနိုင်ငံဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
