Top News

ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀)ပွဲကို ပွဲအရေအတွက်အနည်းဆုံးဖြင့် ရယူနိုင်သည့်နည်းပြအဖြစ် ဟစ်ဒင့်၊ အန်ဆယ်လော့တီတို့နှင့်အတူ အာနယ်ဆလော့ ပူးတွဲရပ်တည်
24htopnews | November 25, 2024 8:12 PM CST

လီဗာပူးလ်နည်းပြ အာနယ်ဆလော့သည် ပရီးမီးယားလိဂ်နိုင်ပွဲ (၁၀)ပွဲကို ပွဲအရေအတွက်အနည်းဆုံးဖြင့် ရယူနိုင်သည့်နည်းပြအဖြစ် ချယ်လ်ဆီးနည်းပြဟောင်းများဖြစ်သည့် ဟစ်ဒင့်၊ အန်ဆယ်လော့တီတို့နှင့်အတူ ပူးတွဲရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အာနယ်ဆလော့သည် ယခုရာသီတွင် လီဗာပူးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)ပွဲ ယှဉ်ပြိုင်ကစားအပြီးတွင်ပင် နိုင်ပွဲ(၁၀)ပွဲ ပြည့်မြောက်ခဲ့သည်။

၎င်းသည် အဆိုပါ(၁၂)ပွဲတွင် (၁၀)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့ခြင်းဖြစ်သည်။

၎င်းမတိုင်မီက ပရီးမီးယားလိဂ်နိုင်ပွဲ(၁၀)ပွဲကို ပွဲအရေအတွက် အနည်းဆုံးဖြင့် ရယူနိုင်သည့်နည်းပြများအဖြစ် ဟစ်ဒင့်နှင့် အန်ဆယ်လော့တီတို့က စံချိန်တင်ထားခဲ့ပြီး ဟစ်ဒင့်က ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့် ၂၀၀၈-၀၉ ရာသီတွင်လည်းကောင်း၊ အန်ဆယ်လော့တီက ၂၀၀၉-၁၀ ရာသီတွင်လည်းကောင်း ရယူခဲ့ခြင်းဖြစ်သည်။

ဟစ်ဒင့်သည် ၂၀၀၈-၀၉ ရာသီတွင် ဘရာဇီးလ်နည်းပြ စကိုလာရီ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ဖေဖော်ဝါရီလတွင်မှ တာဝန်ယူခဲ့ရခြင်းကြောင့် ယင်းရာသီတွင် တတိယနေရာသာ ရရှိခဲ့သော်လည်း အန်ဆယ်လော့တီ၂၀၀၉-၁၀ ရာသီတွင် ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ 


READ NEXT
Cancel OK