စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းသည် ယခုရာသီစီးရီးအေပွဲစဉ် (၁၂)ပွဲကစားပြီးချိန်တွင် (၅)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၃)ပွဲရှုံးရလဒ်ဖြင့် ရမှတ် (၁၉)မှတ်သာရရှိထားပြီး ယင်းမှာ နောက်ဆုံး (၅)ရာသီအတွင်း အသင်း၏အဆိုးရွားဆုံးရာသီအဖွင့်မှတ်တမ်းဖြစ်ခဲ့ကြောင်း သိရသည်။
အေစီမီလန်အသင်းသည် ၂၀၂၀-၂၁ ရာသီတွင် ရာသီအဖွင့် (၁၂)ပွဲကစားပြီးချိန်၌ ရမှတ် (၂၈)မှတ်ရယူနိုင်ခဲ့သလို၊ ၂၀၂၁-၂၂ ရာသီတွင် စီးရီးအေပွဲစဉ် (၁၂)ပွဲကစားပြီးချိန်၌ (၁၀)ပွဲနိုင်၊ (၂)ပွဲသ ရေ၊ ရှုံးပွဲမရှိ ရမှတ် (၃၂)မှတ်အထိရယူနိုင်ခဲ့သည်။
ထို့ပြင် ၂၀၂၂-၂၃ ရာသီတွင် (၁၂) ပွဲကစားပြီးချိန်၌ ရမှတ် (၂၆)မှတ်၊ ၂၀၂၃-၂၄ ရာသီတွင် (၂၃)မှတ် အသီးသီးရရှိခဲ့ပြီး ယခုရာသီမှာ ယခင်ရာသီများထက် သိသိသာသာ လျော့နည်းသွားခဲ့ခြင်းဖြစ်သည်။
အေစီမီလန်အသင်းသည် လက်ရှိအမှတ်ပေးဇယားအဆင့် (၇)နေရာတွင် ရပ်တည်နေသော်လည်း ပြီးခဲ့သည့် (၄)ရာသီအတွင်း အဆင့် (၄)ပြင်ပ မရောက်ရှိခဲ့ဘဲ ချန်ပီယံဆု (၁)ကြိမ်၊ အဆင့် (၂) နှစ်ကြိမ်နှင့် အဆင့် (၄) တစ်ကြိမ်တို့ကို ရယူနိုင်ခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
