ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် အသင်းနည်းပြ အန်ဆယ်လော့တီနှင့် လမ်းခွဲခဲ့ပါက နည်းပြသစ်အဖြစ် ဆန်တီယာဂိုဆိုလာရီအား ခန့်အပ်သွားရန် စီစဉ်ထားပြီးဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အီတလီလူမျိုး ၀ါရင့်နည်းပြ အန်ဆယ်လော့တီ (၆၅ နှစ်)နှင့် ၂၀၂၆ နွေရာသီအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း အသင်း၏ရလဒ်ပေါ်မူတည်ကာ အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်သောကြောင့် ယခုကဲ့သို့ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အသက် (၄၈)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ဆိုလာရီသည် ကစားသမားဘဝတွင် ရီးယဲလ်အသင်းအတွက် အသင်းခေါင်းဆောင်အဖြစ် ၂၀၀၀-၀၁ ရာသီမှ ၂၀၀၄-၀၅ ရာသီအထိ (၅)ရာသီကြာကစားခဲ့ဖူးပြီး ပြိုင်ပွဲစုံ (၂၀၉)ပွဲကစားရာတွင် (၂၂)ဂိုးသွင်းယူပေးခဲ့သည့် ကွင်းလယ်လူတစ်ဦးဖြစ်သည်။
ထို့ပြင် ဆိုလာရီသည် ၂၀၁၃ ခုနှစ်မှစတင်ကာ ရီးယဲလ်လူငယ်အသင်းများတွင် နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ မှ ၂၀၁၈ အထိ ရီးယဲလ် (B)အသင်းကိုင်တွယ်ခဲ့ကာ ၂၀၁၈ ခုနှစ် ဇီဒန်း ထွက်ခွာသွားချိန်တွင် ရီးယဲလ်အသင်းကြီးအား ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
ထို့ပြင် ဆိုလာရီသည် ယင်း ၂၀၁၈ ခုနှစ်တွင်ပင် ရီးယဲလ်အသင်းတရားဝင်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ် မတ်လအထိတာဝန်ယူခဲ့ကာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။
ဆိုလာရီသည် ရီးယဲလ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ၂၀၂၀ ဒီဇင်ဘာလမှ ၂၀၂၂ မတ်လအထိ မက္ကဆီကိုကလပ် ကလပ်အမေရိကအသင်းအား ကိုင်တွယ်ခဲ့ပြီး ၂၀၂၁ ခုနှစ် CONCACAF ချန်ပီယံလိဂ်တွင် ဗိုလ်လုပွဲတက်ရောက်ကာ ဒုတိယဖြင့် ကျေနပ်ခဲ့ရသည်။
လက်ရှိတွင် ရီးယဲလ်အသင်းတာဝန်ရှိသူများသည် ယခုရာသီ အသင်း၏ ရလဒ်ပိုင်းမတည်ငြိမ်မှုများအပေါ် စောင့်ကြည့်လျက်ရှိနေပြီး အန်ဆယ်လော့တီအနေဖြင့် အနည်းငယ်မျှ ထပ်မံလွဲမှားခွင့်ရှိတော့မည်ဟုတ်ကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။
သို့သော် ရီးယဲလ်အသင်းအနေဖြင့် အန်ဆယ်လော့တီနှင့် လမ်းခွဲခဲ့လျှင်ပင် ဆိုလာရီအား ယခုရာသီလက်ကျန်ကာလအတွက်သာ နည်းပြအဖြစ် ခန့်အပ်သွားမည်ဖြစ်ပြီး ရာသီကုန်တွင် ရေရှည်စီမံကိန်းများအတွက် ပုံရိပ်ပိုမိုမြင့်မားသည့် အရည်အသွေးမြင့်နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
