စပါးအသင်းသည် ဂွါဒီယိုလာလက်ထက်တွင် မန်စီးတီးအသင်းကို နိုင်ပွဲအများဆုံး ရယူထားနိုင်သည့်အသင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။
စပါးအသင်းသည် ဂွါဒီယိုလာ ကိုင်တွယ်သည့်ကာလ၌ မန်စီးတီးအသင်းနှင့် ပြိုင်ပွဲစုံ(၂၂)ပွဲ ဆုံတွေ့ခဲ့ရာ (၉)ပွဲနိုင်၊ (၃)ပွဲသရေ(၁၀)ပွဲရှုံးခဲ့ခြင်းဖြစ်သည်။
၎င်းတို့အနေဖြင့် နိုင်ပွဲထက် ရှုံးပွဲပိုများနေဆဲဖြစ်သော်လည်း အခြားပြိုင်ဘက်အသင်းများထက် နိုင်ပွဲပိုရထားခြင်းဖြစ်သည်။
ချယ်လ်ဆီး၊ မန်ယူနှင့် လီဗာပူးလ်အသင်းများမှာ ဂွါဒီယိုလာလက်ထက်တွင် မန်စီးတီးအသင်းကို (၈)ပွဲစီသာ အနိုင်ရထားကြောင်း သိရသည်။
စပါးအသင်းသည် ပရီးမီးယားလိဂ်၌ မန်စီးတီးနှင့် (၁၇)ပွဲဆုံတွေ့ခဲ့ရာတွင်လည်း (၇)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၇)ပွဲရှုံး ရလဒ်ရရှိခဲ့သောကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲသက်သက်တွင်လည်း နိုင်ပွဲအများဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။
ဂွါဒီယိုလာသည် နည်းပြဘဝ၌ အိမ်ကွင်းတွင် (၄)ဂိုးသွင်းခံရသည့်ပွဲ နှစ်ပွဲသာရှိခဲ့ပြီး ပထမပွဲမှာ ဘိုင်ယန်ကိုကိုင်တွယ်စဉ် ရီးယဲလ်ကို ရှုံးခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
