လီဗာပူးလ်အသင်းသည် ၁၉၉၃-၉၄ ရာသီက မန်ယူအသင်းနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)ပွဲကစားပြီးချိန်၌ ဒုတိယနေရာမှ ပြိုင်ဘက်ကို အမှတ်အများဆုံးဖြတ်နိုင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဆောက်သမ်တန်နှင့်ပွဲတွင် အဝေးကွင်း၌ (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ပွဲစဉ်(၁၂)အပြီးတွင် ဒုတိယနေရာမှ မန်စီးတီးအသင်းကို (၈)မှတ်ဖြတ်နိုင်ခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၁၂)အပြီး၌ ထိပ်ဆုံးမှအသင်းနှင့် ဒုတိယနေရာမှအသင်းကြား အမှတ်ကွာဟမှု အများဆုံးဖြစ်ခဲ့သည်မှာ ၁၉၉၃-၉၄ ရာသီက မန်ယူနှင့် နောဝစ်ချ်အသင်း တို့ (၉)မှတ်ကွာဟခဲ့ခြင်းဖြစ်ပြီး ယခုအခါ လီဗာပူးလ်နှင့် မန်စီးတီးတို့၏ အမှတ်ကွာဟမှုက ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
၁၉၉၃-၉၄ ရာသီတွင် ယင်းကဲ့သို့ အမှတ်ဖြတ်နိုင်ခဲ့သည့် မန်ယူအသင်းက ချန်ပီယံဆုရယူနိုင်ခဲ့ပြီး နောဝစ်ချ်အသင်းမှာမူ ရာသီကုန်တွင် အဆင့်(၁၂) နေရာ၌သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ယခုရာသီတွင်လည်း လီဗာပူးလ်အသင်း ချန်ပီယံဆုရရှိရန် အလေးပေးမှုများ ပိုမိုမြင့်တက်လာခဲ့ပြီး မန်စီးတီးအသင်းမှာ ရေပန်းစားမှု တတိယနေရာအထိ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
Oddschecker ဝက်ဘ်ဆိုက်၏ဖော်ပြမှုအရ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)အပြီးတွင် လီဗာပူးလ်အသင်းက ချန်ပီယံဆုရရှိရန် (၁ရး၂၀)လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး အာဆင်နယ်အသင်းက (၁ရး၅)လေးဖြင့် ဒုတိယနေရာသို့ တက်လှမ်းကာ မန်စီးတီးအသင်းက (ရး၂)လေးဖြင့် တတိယနေရာသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် လက်ရှိအချိန်၌ မန်စီးတီးထက် တစ်မှတ်လျော့နေပြီး တတိယနေရာမှ ချယ်လ်ဆီး၊ အဆင့်(၅)နေရာမှ ဘရိုက်တန်တို့နှင့် အမှတ်တူအနေအထားဖြစ်နေသော်လည်း မန်စီးတီးအသင်း၏ ရှုံးပွဲဆက်မှုကြောင့် ရေပန်းစားမှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အချက်အလက်များကို အခြေခံတွက်ချက်သည့် Opta ၏ စူပါကွန်ပျူတာကလည်း လီဗာပူးလ်အသင်း၏ ချန်ပီယံအလားအလာ ပိုမိုမြင့်တက်လာပြီး မန်စီးတီးအသင်း၏ အလားအလာ ထပ်မံလျော့ကျသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ်ပွဲစဉ်(၁၂)အပြီး စူပါကွန်ပျူတာ၏ ထုတ်ပြန်မှုအရ လီဗာပူးလ်အသင်း၏ ချန်ပီယံဖြစ်နိုင်ခြေအလားအလာမှာ (၆၉.၅%)အထိ ရှိလာခဲ့သည်။
လီဗာပူးလ်အသင်းသည် ပွဲစဉ်(၁၂)မတိုင်မီတွင် ချန်ပီယံအလားအလာ (၆၀.၃%)ရှိခဲ့ရာမှ (၉.၂%) မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းမှာ ပွဲစဉ်(၁၂)မတိုင်မီတွင် (၃၄.၃%)ရှိခဲ့ပြီး ပွဲစဉ် (၁၂)အပြီးတွင် (၂၃.၃%)သို့ ကျဆင်းသွားသည့်အတွက် အလားအလာ(၁၁%)အထိ လျော့ကျသွားခဲ့သည်။
အာဆင်နယ်အသင်းက ချန်ပီယံဖြစ်နိုင်ခြေအလားအလာ (၅%)မှ (၆.၅%)သို့ ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးအသင်းမှာလည်း ယခင်(၀.၃%)မှ (၀.၆%)သို့ ရောက်ရှိလာခဲ့သည်။
အဆိုပါ အလားအလာနှုန်းထားများအရ လီဗာပူးလ်အသင်းသည် ဒုတိယနေရာမှ မန်စီးတီးအသင်းထက် ချန်ပီယံဖြစ်နိုင်ခြေအလားအလာ နှစ်ဆကျော်ရှိလာခဲ့ပြီဖြစ်သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက်အနိုင်ရခဲ့ပြီး မန်စီးတီးအသင်းက (၃)ပွဲဆက်ရှုံးနိမ့်ခဲ့သည့်အတွက် ယခုကဲ့သို့ (၈)မှတ်အထိ ကွာဟသွားခဲ့ခြင်းလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
