နိုဝင်ဘာလနိုင်ငံတကာပွဲစဉ်တွေအပြီး ယခုတစ်ပတ် ပြန်လည်စတင်ခဲ့တဲ့ ဥရောပထိပ်တန်းလိဂ်ဘောလုံးရပ်ဝန်းကို မန်စီးတီးအသင်းရဲ့ ပြိုင်ပွဲစုံ (၅)ပွဲဆက်အရေးနိမ့်မှုသတင်းက ဖုံးလွှမ်းသွားခဲ့တယ်။ နိုဝင်ဘာ (၂၃)ရက်နေ့က အီတီဟတ်ဒ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)မှာ မန်စီးတီးအသင်းဟာ စပါးအသင်းကို (ဝ-၄)ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး အဆိုးရွားဆုံးအခြေအနေအထိထိုးဆင်းသွားခဲ့တယ်။ ပြီးခဲ့တဲ့ရာသီတွေကလို ဘယ်လိုပဲရှုံးပွဲတွေကြုံပါစေ မန်စီးတီး ပြန်လာတော့မှာပါလို့ မျှော်လင့်နေရင်းကနေပဲ စံချိန်တင် ရှုံးပွဲဆက်မှုကို ကြုံတွေ့ခဲ့ရတာဖြစ်တယ်။ မိုးပြာရောင်မန်ချက်စတာသားတွေအတွက် နာကျင်ရလွန်းတဲ့၊ လက်ခံဖို့ခက်ခဲလွန်းတဲ့အခိုက်အတန့် တွေဖြစ်ခဲ့ပြီး နည်းပြဂွါဒီယိုလာအတွက်လည်း တစ်သက်လုံးထိန်းသိမ်းလာသမျှ သိက္ခာတွေအားလုံး မမျှော်လင့်ထားတဲ့ တဒင်္ဂအတွင်းမှာပဲ ရေစုန်မျောသွားခဲ့ရတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
